သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစုရှယ်ယာဈေး ပြန်ဦးမော့လာ


အမေရိကန် အစုရှယ်ယာဈေးတွေ အင်္ဂါနေ့က
ပြန်ပြီး တက်လာခဲ့ပါတယ်။ ကမောက်ကမဖြစ်နေ
တဲ့ ငွေကြေးဈေးကွက်ကို ဝင်ပြီးထိန်းပေးမယ့်
အမေရိကန်အစိုးရရဲ့ စီးပွားရေး အရေးပေါ် အစီ
အစဉ်တွေကို အမေရိကန် အောက်လွှတ်တော်က
ပယ်ချခဲ့ပြီးနောက် တနင်္လာနေ့က အစုရှယ်ယာ
ဈေးကွက်မှာ အမေရိကန် အစုရှယ်ယာဈေးတွေ
တရှိန်ထိုး ကျဆင်းခဲ့ပြီး အင်္ဂါနေ့မှာ ဈေးပြန်တက်
လာခဲ့တာပါ။

အမေရိကန် အထက်လွှတ်တော်က ဒီမိုကရက်နဲ့
ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေက နှစ်ဖက်လုံး ပူးပေါင်းကြိုးစားတဲ့ စီးပွားရေး
အရေးပေါ်အစီအစဉ်တွေကို အတည်ပြုနိုင်အောင် အမြန်ဆုံးဆောင်ရွက်မယ်လို့
ကတိပြုခဲ့ကြပါတယ်။

တကယ်လို့ စီးပွားရေး အရေးပေါ် အစီအစဉ်တွေကို အတည်ပြု ဆောင်ရွက်နိုင်ခြင်း
မရှိရင် ရေရှည် စီးပွားရေးဆိုးကျိုးတွေ ရှိလာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘုရှ်က
အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။ အကျပ်ရိုက်နေတဲ့ အမေရိကန် စီးပွားရေးပြဿနာဟာ
အရေးပေါ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး မဖြေရှင်းဘူးဆိုရင် ဆိုးကျိုးတွေ တနေ့တခြား
ပိုပြီးဆိုးလာလိမ့်မယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

စီးပွားရေး အရေးပေါ်အစီအစဉ်တွေလုပ်ဖို့ အစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်း
၇၀၀,၀၀၀ တောင်းတာ များလွန်းလို့ အောက်လွှတ်တော်က ပယ်ချခဲ့တာလို့ ဝေဖန်သူ
တွေက ပြောကြပါတယ်။ ဒီအပေါ်မှာ သမ္မတဘုရှ်ကတော့ တနင်္လာနေ့ တရက်ထဲမှာတင်
အစုရှယ်ယာဈေးကွက်မှာ ဆုံးရှုံးမှုဟာ ဒေါ်လာသန်းပေါင်း ၁,၀၀၀,၀၀၀ ကျော်တယ်လို့
ပြောပါတယ်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ လူဇင်ဘတ် အစိုးရတွေကလည်း ထိပ်တန်း
ဥရောပဘဏ်ကြီးတွေ ပြိုပျက်မသွားအောင် ဝင်ပြီးထိန်းပေးခဲ့ပါတယ်။
XS
SM
MD
LG