သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ငွေကြေးအကျပ်အတည်းကြောင့် အာရှနှင့် ဥရောပ စတော့ခ်ဈေး ကျဆင်း


ငွေကြေးအကျပ်အတည်းက ကမ္ဘာ့စီးပွားရေးကို
ဆက်လက်ကျဆင်းစေလိမ့်မယ်ဆိုတဲ့ ခန့်မှန်း
ပြောဆိုမှုများကြောင့် ရေနံဈေးနှုန်းက တပီပါကို
ဒေါ်လာ ၉၀ အောက် ရောက်သွားလို့ ၉ လအတွင်း
အနိမ့်ဆုံးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ သောကြာနေ့က အတည်ပြု
လိုက်တဲ့ ဒေါ်လာဘီလီယံ ၇၀၀ ကယ်တင်ရေးအစီ
အစဉ်က ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို
သိပ်ပြီးထိန်းနိုင်မယ်လို့ ငွေရင်းနှီးမြှုပ်နှံသူများက
မယုံကြည်ကြတဲ့အတွက် တနင်္လာနေ့က ဥရောပနဲ့
အာရှဈေးကွက်မှာ သိသိသာသာ ကျသွားပါတယ်။

ဥရောပဈေးကွက်မှာ မနက်ပိုင်းတင် ၅% အထိ ကျဆင်းပြီး ရုရှားမှာတော့ ၁၅% ကျော်
ကျသွားလို့ ဈေးပိတ်လိုက်ရပါတယ်။ တိုကျို၊ တိုင်ပေနဲ့ တောင်ကိုရီးယားတို့မှာ ၄%
ကျော်နဲ့ ဈေးပိတ်ခဲ့ရပြီး ဟောင်ကောင်ရဲ့ ဟန်ဆန်း (Hang Seng) အညွှန်းမှာ ၅%
ကျဆင်းသွားသလို ဂျပန်နိုင်ငံရဲ့ နစ်ကီ (Nikkei) လည်း လေးနှစ်အတွင်း အနိမ့်ဆုံး
ကျသွားပါတယ်။

ငွေကြေးအရောင်းအဝယ်မှာလည်း ယူရိုငွေဟာ ၁၃ နှစ်အတွင်း ဒေါ်လာနဲ့လဲလှယ်နှုန်း
အနိမ့်ဆုံးကျသွားပါတယ်။ ဂျာမန်အစိုးရနဲ့ ဂျာမန်ဘဏ်များက ၆၈ ဘီလီယံ ကယ်တင်
ရေး အစီအစဉ်ကို ချမှတ်လိုက်ပြီးနောက် အဲဒီလို ယူရိုဈေးနှုန်း ကျသွားတာဖြစ်ပါတယ်။

ကမ္ဘာ့ငွေကြေးအကျပ်အတည်း ပိုပြီး စုပေါင်းကိုင်တွယ် ဖြေရှင်းရေးအတွက် အခက်ကြုံ
နေတဲ့ဘဏ်များကို ဝယ်ယူ၊ ငွေရင်းနှီးမြှုပ်နှံသူများ ကာကွယ်ရေး လုပ်ဆောင်သွားမယ်
လို့ ဥရောပခေါင်းဆောင်များက ကတိပြုထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG