သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-သမ္မတလောင်း စကားစစ်ထိုးပွဲမှ အီဒီယံ အသုံးအနှုန်းများ


ဒုတိယသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ အသုံးပြုခဲ့တဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Joe six-pack, run wild, the glass is half empty and the glass is half full တို့ကို တင်ပြထားပါတယ်။

ပထမအသုံးအနှုန်းကတော့ ရီပတ်ဘလစ်ကန် ဒု-သမ္မတကိုယ်စားလှယ်လောင်း အလက်စက္ကားပြည်နယ် အုပ်ချုပ်ရေးမှုးဖြစ်သူ ဆာရာပေလင်း (Sarah Palin) ပြောဆိုခဲ့တဲ့ Joe six-pack (six-pack = အမေရိကန်နိုင်ငံမှာ ဘီယာရောင်းရာမှာ ခြောက်လုံးတတွဲ ရောင်းတာကို ဆိုလိုပါတယ်) ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပာယ်က သာမန် သူလိုငါလိုဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဂျို တစ်ယောက်ဟာ လက်လုပ်လက်စား ကာယလုပ်သား ဖြစ်တယ်ဆိုတာကို ရည်းညွှန်းထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူက ကာယလုပ်သား အလုပ်ကြမ်းသမားဖြစ်လို့ ဘီယာ ခြောက်ဘူးကို အပျော့သောက်နိုင်တယ်လို့ ဆိုလိုပါတယ်။

စီးပွားရေး မပြေလည်လို့ အိမ်ဖို့မပေးနိုင်ဘဲ အိမ်ကြွေးတင်နေတဲ့ ပြည်သူတွေ၊ လက်ရှိ စီးပွားရေး အကြပ်အတည်းနဲ့ ပတ်သက်ပြီး အလက်စက္ကားပြည်နယ် အုပ်ချုပ်ရေးမှုးဖြစ်သူ ဆာရာပေလင်း က စကားစစ်ထိုးပွဲမှာ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။

"American people, Joe six-pack, hockey moms across the nation I think we need to band together and say never again."
"နိုင်ငံတဝှမ်းရှိ သာမန်အမေရိကန် အမျိုးသားတွေ နဲ့ သာမန်မိခင်တွေ ညီညီညွှတ်ညွှတ်နဲ့ နောက်ထပ် ဒီလို အဖြစ်မခံရအောင် စုစည်းရပ်တည်ဖို့ လိုနေပါပြီ။"

ဒုတိယဥပမာ အသုံးအနှုန်းကတော့ Wall Street Stock ငွေရေးကြေးရေးဈေးကွက် ကမောက်ကမ ဖြစ်နေမှုနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒု-သမ္မတလောင်း ဂျိုးဘိုင်ဒန် ပြောသွားတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

Run Wild - အရမ်းကာရော ပြေးလွှားခြင်းလို့ အဓိပါ္ပယ် ရှိပါတယ်။ အီဒီယံ သွယ်ဝှက်အသုံးအနှုန်းကတော့ အခြေအနေ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ခြင်း၊ မရမ်းပတာဖြစ်ခြင်း လို့ ဆိုလိုပါတယ်။

ဥပမာ ဘောလုံးပွဲမှာ ပရိသတ်တွေ ထိန်းမနိုင် သိမ်းမနိုင် ရန်ဖြစ်ကြရင် Run Wild ဆိုတဲ့ စကားကို သုံးသလို၊ လူငယ်တွေလည်း မိဘဆရာသမား လူကြီးတွေ ဆုံးမပြောဆိုလို့ မရဖြစ်တဲ့လူငယ်တွေဆိုရင်လည်း Run Wild လို့ သုံးနိုင်ပါတယ်။

"Bloody wall street run wild."
"Wall street stock ဈေးကွက်မှာ အခြေအနေက မရမ်းပတာဖြစ်ခံခဲ့ရတယ်။"

နောက်ဆုံးတင်ပြမဲ့ အီဒီယံအသုံးအနှုန်းက အထက်လွှတ်တော်အမတ် ဂျိုးဘိုင်ဒန် က သူနဲ့တွဲမဲ့ သမ္မတကိုယ်စားလှယ်လောင်း အိုဘားမား နဲ့ ကိစ္စရပ်တခုနဲ့ ပတ်သက်လို့ အမြင်ချင်းမတူတဲ့အကြောင်း တင်စားပြောဆိုသွားတာ ဖြစ်ပါတယ်။

The glass is half empty - ဖန်ခွက်မှာ ရေတဝက်မရှိခြင်းလို့ တိုက်ရိုက် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ သွယ်ဝှက်အသုံးအနှုန်းကတော့ ဘဝအပေါ်မှာ၊ ဖြစ်ရပ်တခုခုပေါ်မှာ ရှု့မြင်မှု ကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ရှိတာကို ကျေးဇူးမတင် ဝမ်းမသာဘဲ။ မရှိတာအတွက်ကို စိတ်မချမ်းမသာ ဖြစ်ပြီး အဆိုမြင်တက်ခြင်းကို ဆိုလိုနိုင်ပါတယ်။

The glass is half full အသုံးအနူန်းကွဲကတော့ ရေဖန်ခွက်ထဲမှာ ရေတဝက်ဘဲ ပြည့်နေတယ်လို့ အဓိပ္ပါယ် ရပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ အခြေအနေတွေကို အကောင်းဖက်က ရှု့မြင်တက်တာကို ဆိုလိုပါတယ်။ ကိုယ်မှာရှိတာကို ကိုယ်ကျေးဇူးတင်တဲ့ သဘောပါ။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ အခြေအနေတရပ်အပေါ် ဘာရက် အိုဘားမား နဲ့ ဂျိုးဘိုင်ဒန် အမြင်မတူတဲ့အကြောင်း စကားစစ်ထိုးပွဲမှာ သူပြောဆိုခဲ့တာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

"Barack Obama saw the glass is half empty and I saw half full."
"ဘာရက် အိုဘားမာ က အဆိုးဖက်ကို မြင်ခဲ့တယ်။ ကျနော်ကတော့ အကောင်းဖက်ကို မြင်ခဲ့တယ်လို့ အဓိပ္ပါယ်ရပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG