သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ


မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်မတိုင်ခင် အတိုက်အခံများအား စစ်အစိုးရက ကြိုတင်ပြီး တိုးမြင့် နှိပ်ကွပ်နေတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ စက်တင်ဘာလက စပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃၀ဦး အဖမ်းခံရ၊ ထောင်ဒဏ် ၂နှစ်ခွဲထက်မနည်း အချခံခဲ့ရတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

စစ်အစိုးရက သူတို့ ပြုလုပ်မယ့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ လိုချင်တဲ့ ရလာဒ်ရအောင် အဲဒီလို လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။ စစ်အစိုးရရဲ့ ဒီမိုကရေစီ သို့ လမ်းပြမြေပုံအရ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ စစ်အစိုးရက ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး၊ ၁၉၉၀ပြည့်နှစ်က သူတို့လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ NLDက အပြတ်အသတ် အနိုင်ရလိုက်တော့ ရွေးကောက်ပွဲရလာဒ်ကို စစ်အစိုးရက အသိအမှတ်မပြုတော့ဘဲ အာဏာလွဲှအပ်ခြင်းလဲ မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG