သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူအတိုက်အခံပါတီ အသရေဖျက်မှုနဲ့ ဒဏ်ရိုက်ခံရ


စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) နဲ့ သူ့ဖခင်ကို အသရေဖျက်မှုနဲ့
အတိုက်အခံပါတီအနေနဲ့ ဒေါ်လာ ၄၀၀,၀၀၀ လျော်ကြေးပေးဖို့ စင်ကာပူအစိုးရက
အမိန့်ချမှတ်လိုက်ပါတယ်။ မစ္စတာလီရှန်လွန်းနဲ့ သူ့ဖခင် လီကွမ်ယု (Lee Kwan Yu) ရဲ့
ဂုဏ်သိက္ခာကို ထိပါးအောင် လုပ်ဆောင်မှုနဲ့ စင်ကာပူ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ
နဲ့ ပါတီခေါင်းဆောင် ၂ ယောက်အနေနဲ့ ဒဏ်ငွေပေးဖို့ စင်ကာပူ ဗဟိုတရားရုံးက
အခုလို ဆုံးဖြတ်လိုက်တာပါ။

အဂတိလိုက်စားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ မရိုးသားမှု စတဲ့စွပ်စွဲချက်တွေနဲ့
အတိုက်အခံပါတီရဲ့ ၂၀၀၆ ခုနှစ်ထုတ် သတင်းစာထဲမှာ အသရေပျက်အောင် စွပ်စွဲထား
ချက်တွေဟာ မစ္စတာလီးရဲ့ ဘဝတသက်စာ အောင်မြင်ခဲ့မှုတွေကို ထိပါးစေတယ်လို့
တရားရုံးအမိန့်ထဲမှာ ဖော်ပြထားပါတယ်။

စင်ကာပူ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်း
ရေးမှူး ချီစွန်းဂျွမ် (Chee Soon Juan) နဲ့ သူ့ညီမတို့
အပေါ် အခုချမှတ်လိုက်တဲ့ အသရေဖျက်မှုဟာ အရင်
ချမှတ်ထားပြီးသား အသရေဖျက်မှုတွေအပြင်
နောက်ထပ်ချမှတ်ခြင်း ဖြစ်ပါတယ်။ အရင်အမှုအတွက်
ချမှတ်လိုက်တဲ့ ဒဏ်ငွေတွေကို မပေးနိုင်တဲ့အတွက်
မစ္စတာ ချီစွန်းဂျွမ်ဟာ ဒေဝါလီခံထားပြီး ဖြစ်ပါတယ်။

တနင်္လာနေ့က အသစ်ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အရ
စင်ကာပူ ဒီမိုကရက်တစ်ပါတီအနေနဲ့ ဒေဝါလီခံရနိုင်ပြီး
ပါတီပါ ဖျက်ပစ်ရမယ့် အနေအထားကို ရောက်သွားနိုင်
တယ်လို့ သူကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG