သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေးစနစ် ထိန်းချုပ်ပုံ ပြောင်းလဲရေး နောက်လာမယ့် သမ္မတ ဦးစားပေးရလိမ့်မည်


အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်လာမယ့် သမ္မတရဲ့ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စက ဘဏ္ဍာရေး စနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်တယ်လို့ လက်ရှိ သမ္မတ ဂျော့ ဘုရှ် က ပြောကြားသွားပါတယ်။ အခု ကြုံနေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အစိုးရက ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတ ဘုရှ် က သောကြာနေ့က ပြောကြားသွားပါတယ်။ သူကပဲ ဆက်ပြီးတော့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ အောင်မြင်ပါလိ့မ့်မယ်၊ အကျိုးသက်ရောက်မှု ရှိဖို့တော့ အချိန်ပေးရလိမ့်မယ်လို့ သူ့နိုင်ငံသားတွေကို အားပေးစကား ပြောသွားပါတယ်။

စီးပွားရေး အစီရင်ခံစာတွေမှာတော့ ဒီပြဿနာရဲ့ အခြေအနေကို အကောင်းရော အဆိုးပါ ထင်ဟပ် ပြသနေပါတယ်။ တချို့ စီးပွားရေးပညာရှင်တွေ ပြောတာက ရပ်တန့်နေတဲ့ ကြွေးမြီ ဈေးကွက်ဟာ အခြေအနေ စပြီးတော့ တိုးတက်လာနေပြီဆိုတဲ့ အထောက်အထားတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

အမေရိကန် အစုရှယ်ယာ ဈေးကွက်တွေကတော့ သောကြာနေ့မှာ အတက်အကျတွေ ဖြစ်နေပြီးတော့ ညပိုင်းမှာ ဈေးအကျ နဲ့ ပိတ်သွားပါတယ်။ ဥရောပဈေးကွက်တွေမှာတော့ ဈေးတွေ တော်တော် မြင့်တက်ခဲ့ပါတယ်။ အာရှ က အဓိက ဈေးကွက်တွေမှာလည်း အတက်အကျ ရောထွေးနေတာကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG