သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ် သမ္မတလောင်း အိုဘားဗားကို ထောက်ခံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Colin Powell က ဒီမိုကရက်တစ်သမတလောင်း Barack Obama ကို သမ္မတအဖြစ် ထောက်ခံလိုက်ပါတယ်။

ဒီနေ့ NBC တီဗွီ Channel ရဲ့ Meet the Press အစီအစဉ်က အင်တာဗျူးလုပ်ရာမှာ Mr. Powell ပြောတာက Mr. Obama မှာ အထင်ကြီးလေးစားအောင်လှုံ့ဆော်နိုင် စွမ်းရှိတဲ့ အရည်အချင်းရှိတာကြောင့်ရယ် သူရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ အားလုံးကိုပါဝင်ဖို့ဖိတ်ခေါ်တာတွေကြောင့် ထောက်ခံခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Mr. Powell ရဲ့ စကားနဲ့ ပြောရရင် Mr. Obama ဟာ ထူးချွန်ပြောင်မြောက်တဲ့ သမတတဦးရှိရမယ့် စံချိန်စံနှုန်းနဲ့ ပြည့်မှီသူ ဖြစ်တဲ့အပြင် ပုံမှန်တည်ကြည်တဲ့ ခေါင်းဆောင်မှုမျိုးကို ပေးနိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

Mr. Powell ဟာ သမတဟောင်း Bush သို့မဟုတ် လက်ရှိသမတ Bush ရဲ့ ဖခင်ဖြစ်သူ George H.W. Bush ရဲ့ စစ်ဦးစီးချုပ်ဖြစ်ခဲ့သလို လက်ရှိ သမ္မတ Bush ရဲ့ ပထမလေးနှစ် သမ္မတ သက်တမ်းတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး အဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။

Mr. Powell က သူဟာ John McCain ရဲ့ မဲဆွယ် စည်းရုံးရေးတွေမှာ အနှုတ် လက္ခဏာဆောင်တဲ့ အသုံးအနှုန်း တွေကြောင့် စိတ်ပျက်ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် John McCain ရွေးချယ်ခဲ့တဲ့ Alaska ပြည်နယ်အုပ်ချုပ်ရေးမှုး Sarah Palin ဟာ သမ္မတဖြစ်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့လည်းပြောခဲ့ပါတယ်ရှင်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG