သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ဘက် တိုင်းရင်းဒေသတချို့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်ဖြစ်နေဟု လူမှုရေးအဖွဲ့များဝေဖန်


ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းက လူ ၆၆၀၀၀လောက် နေအိမ်များစွန့်ကာ ထွက်ပြေးလာခဲ့ကြရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် TBBCခေါ် မြန်မာဒုက္ခသည်များအား ကူညီ ထောက်ပံ့ရေးအဖွဲ့က အစီရင် ခံထားပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ မြန်မာနိုင်ငံတွင်းဒေသက လူထုရဲ့ အခြေအနေများ ဆိုးရွားလာနေကြောင်း အဲဒီအဖွဲ့က ဆိုထားပြီး အထူးသဖြင့် ကရင်နဲ့ ရှမ်းတိုင်းရင်းသားများ အပေါ် ညင်းပမ်းနှိပ်စက်တာဟာ လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့တောင် ဆိုနိုင်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွင်းမှာတင်ပဲ လူငါးသိန်းကျော်လောက်ဟာ နေရာ ရွေ့ပြောင်း နေထိုင်နေကြရတယ်လို့လဲ အဲဒီအဖွဲ့က ခန့်မှန်းထားပါတယ်။

အတင်းအဓမ္မ အချောစွဲ စေခိုင်းမှု၊ ချိန်းခြောက်ပြီး လုယူမှု၊ မြေယာ သိမ်းပိုက်မှု စတာတွေ ခံရတဲ့အပြင်၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့်နဲ့ ဈေးကွက်မှာလဲ ကန့်သတ် ချုပ်ချယ်ခံရလို့ အဲဒီ လူတွေရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဒီအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဆယ်လီ တွန်ဆမ်က ပြောပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တိုးတက်မှု မရှိလို့ စိတ်ပျက်မိကြောင်း၊ ဒီဇင်ဘာလထဲမှာ မြန်မာပြည်ကို သွားဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပြီး မကြာခင်မှာဘဲ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာဒုက္ခသည်များအား ကူညီနေတဲ့ TBBCရဲ့ အစီရင်ခံစာ ပေါ်ထွက်လာတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG