သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစီးနင်းမှုမှာ အယ်လ်ကိုင်းဒါး လက်နက်မှောင်ခိုခေါင်းဆေင် သေဆုံး


ဆီးရီးယားနိုင်ငံထဲကို အမေရိကန် ရဟတ်ယာဉ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက
ဆီးရီးယားနိုင်ငံ နယ်စပ်ကတဆင့် အီရတ်နိုင်ငံထဲကို နိုင်ငံခြားသား တိုက်ခိုက်ရေး
သမားတွေနဲ့ လက်နက်တွေ ခိုးသွင်းနေတဲ့ ကွန်ယက်အဖွဲ့က ခေါင်းဆောင် သေဆုံး
သွားတယ်လို့ ယူဆရကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့သူဟာ အဘူ ဂါဒီယာ
(Abu Ghadiya) ဆိုသူဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိကို
ကိုးကားပြီး အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ ဂါဒီယာဟာ
အီရတ်မှာရှိတဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသူဖြစ်တယ်လို့
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အစောပိုင်းတုန်းက သတ်မှတ်ထားပါတယ်။

အမေရိကန်ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံသား အရပ်သား
၈ ယောက် သေဆုံးခဲ့မှုဟာ အမေရိကန်ရဲ့ အကြမ်းဖက်မှုဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့
ဆီးရီးယားနိုင်ငံက စွပ်စွဲပြောဆိုထားပါတယ်။ အဲဒီ ဝင်ရောက်တိုက်ခိုက်မှုဟာ
တနင်္ဂနွေနေ့ နေ့ခင်းကြောင်တောင်မှာ ဖြစ်ပွားခဲ့တာကြောင့် ဒါဟာ မှားယွင်း
တိုက်ခိုက်မှုမဟုတ်ဘဲ တမင်ကြိုတင်ကြံစည်ပြီးမှ တိုက်ခိုက်တယ်ဆိုတာကို ပြသ
လိုက်တာပဲလို့ ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီး ဝါလစ်ဒ် အယ်လ်-မူလမ်
(Walid al-Muallem) က လန်ဒန်မြို့မှာ မနေ့က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG