သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ ၇ ရက်အလို အရေးပါတဲ့ ပြည်နယ်တွေမှာ သမ္မတလောင်းနှစ်ဦး မဲဆွယ်စည်းရုံး


အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ သီတင်းတပတ်သာ လိုတော့တဲ့အချိန်
အဓိကပြိုင်ဘက်နှစ်ယောက်က စီးပွားရေး ပြန်ကောင်းလာရေး အပြောင်းအလဲပြုလုပ်ဖို့
သူသာအကောင်းဆုံး၊ ကိုယ်သာအကောင်းဆုံးဆိုပြီး မဲဆန္ဒရှင်များအား နားချစည်းရုံး
နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ရီပတ်
ဘလီကန်ပါတီ ကိုယ်စားလှယ် ဂျွန်မက်ကိန်း (John McCain) တို့ အင်္ဂါနေ့က
ရွေးကောက်ပွဲ အနိုင်အရှုံးမှာ အရေးပါတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ စတင်
မဲဆွယ်ပြီးမှ အကြိတ်အနယ်ရှိတဲ့ တခြားအရေးကြီးပြည်နယ်များကို ခရီးဆက်ကြပါမယ်။

လူထုသဘောထား စစ်တမ်းများအရ အိုဘားမားက မက်ကိန်းထက် ပင်ဆယ်လ်ဗေးနီး
ယားပြည်နယ်မှာ ၁၁% အသာရနေတယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဂျော့ချ်
အိတ်ချ် ဒဗလျူ ဘုရှ် (George H.W Bush) ကလွဲပြီး မည်သည့် ရီပတ်ဘလီကန်သမ္မတ
လောင်းမှ ပင်ဆယ်လ်ဗေးနီးယားမှာ အနိုင်မရခဲ့ပါဘူး။

မက်ကိန်းက သမ္မတဘုရှ်ရဲ့ စီးပွားရေးဝါဒများအတိုင်း ဆက်လုပ်သွားမှာပါလို့ အိုဘားမား
က မဲဆန္ဒရှင်များအား ရှင်းပြစည်းရုံးနေပါတယ်။ မက်ကိန်းကလည်း မိမိသာလျှင်
အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်သူ၊ အစားထိုးစွမ်းအင် လုပ်ငန်းအားလုံးမှာ ငွေရင်းနှီး
မြှုုပ်နှံမယ့်သူ၊ ဝါရှင်တန်မှာ အပြောင်းအလဲဖြစ်ရေးကို တိုက်ပွဲဝင်မယ့်သူဖြစ်လို့
အကောင်းဆုံးသမ္မတလောင်း ဖြစ်နိုင်တယ်လို့ အကြောင်းပြပြီး မဲဆွယ်နေပါတယ်။

ပင်ဆယ်လ်ဗေးနီးယားကနေ အိုဘားမားက ဗာဂျီးနီးယားပြည်နယ်သို့၊ မက်ကိန်းက
မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ခရီးဆက်ကြပါလိမ့်မယ်။ အစဉ်အလာအားဖြင့်
အဲဒီပြည်နယ်နှစ်ခုစလုံးမှာ ရီပတ်ဘလီကန်တို့ နိုင်ခဲ့ကြပေမယ့် အခုနှစ်မှာတော့
အိုဘားမားက အသာရနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG