သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲအကြောင်း တစေ့တစောင်း


ဒီတပတ်မှာ မကြာခင်ကျင်းပပြုလုပ်တော့မယ့် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသားတွေ ဘယ်လိုအချက်အလက်၊ အကြောင်းအရာတွေ လေ့လာမှတ်သားစရာ ဖြစ်တယ်ဆိုတာကို ဦးကျော်ဇံသာ က ဝါရင့် လေဒီအို သတင်းစာဆရာဟောင်းကြီးများဖြစ်တဲ့ ဦးခင်မောင်ဌေး (ဗွီအိုအေမြန်မာ သတင်းဌာနမှုး - အငြိမ်းစား) နဲ့ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဦးဝင်းဖေ (အာရ်အက်ဖ်အေ သတင်းဌာန - အငြိမ်းစား) တို့က ပါဝင်ဆွေးနွေးထားကြပါတယ်။

အောက်ပါအချက်အလက်ဆိုင်ရာ မေးခွန်းများကို ဆွေးနွေးထားပါတယ်။ သော်တရှင်များရဲ့ အမေရိကန် ရွေးကောက်ပွဲဆိုင်ရာ အမြင်များကိုလည်း burmese@voanews.com ဆက်သွယ်တင်ပြနိုင်ပါတယ်။

  1. အမေရိကန် ရွေးကောက်ပွဲကို မြန်မာပြည်ရွေးကောက်ပွဲ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုကွာခြားသလဲ?
  2. မြန်မာနိုင်ငံသားတွေကို အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေပြောစရာရှိသလဲ?
  3. နိုင်ငံရေးပါတီတွေ တဖက်နဲ့တဖက် ပြောဆိုချက်တွေအပေါ် ဘယ်လိုသုံးသပ်ရှု့မြင်ပါသလဲ?
  4. လူမဲခေါင်းဆောင်တဦးကို ပထမအကြိမ် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ဖို့ အားပေးလုပ်ဆောင်လာတာ အမေရိကန်လူထု အသားအရောင်ခွဲခြားမှုအပေါ် ကျော်လွှာနိုင်ပြီးလား၊ မေ့ဖျောက်ချန်ရစ်နိုင်ပြီးလား?
  5. အိမ်နီးချင်းတွေ မတူတဲ့ နိုင်ငံရေးထောက်ခံမှု ရှိကြပေမဲ့ ပြည်သူအကြားမှာ အုပ်စုကွဲ ပဋိပက္ခတွေ ရှိသလား?

ဆက်စပ်သတင်းများ ...

XS
SM
MD
LG