သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုစစ်တမ်းတွေမှာ အိုဘားမား အသာစီးရ


အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်ပဲ လိုတော့တဲ့အချိန် သမ္မတ လောင်းများ အဓိက ပြည်နယ်များမှာ မဲဆွယ်နေကြစဉ် လူထုသဘောထား စစ်တမ်းများ အရ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဘားရက် အိုဘားမားက ဂျွန်မက်ကိန်း ထက် အသာ ရနေပါတယ်။

ဒီနေ့ အထက်လွှတ်တော်အမတ် အိုဘားမားဟာ နီဗားဒါး၊ ကိုလိုရာဒို နဲ့ မစ်ဇူရီ ပြည်နယ်တို့မှာ မဲဆွယ်နေပြီး အဲဒီပြည်နယ် ၃ ခုစလုံးမှာ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ၂ ကြိမ်စလုံးမှာ ရီပါပလစ်ကန်တို့ နိုင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ အိုဘားမားကို ပိုပြီး လူကြိုက်နေပါတယ်။

ဂျွန်မက်ကိန်းကလည်း အိမ်ဖြူတော် ရောက်ရှိရေး ပန်ဆယ်လ်ဗေးနီးယား နဲ့ ဗာဂျီးနီးယား ပြည်နယ်တို့မှာ စည်းရုံးနေ ပေမယ့်လည်း လူထု သဘောထား စစ်တမ်းများအရ သူက နောက်ကို ရောက်နေပါတယ်။ ဗားဂျီးနီးယား ဟာ ရီပါပလစ်ကန် တို့ အားထားရတဲ့ ပြည်နယ်ဖြစ်ပြီး ပန်ဆယ်လ်ဗေးနီးယား ကတော့ သမိုင်းနဲ့ချီ ဒီမိုကရက်တို့ကို ထောက်ခံတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတကို ပြည်နယ်အလိုက် ရွေးချယ်ရေး ကိုယ်စားလှယ်မဲများက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ၅၃၈ မဲထဲက မဲ ၂၅၀ ထက် မနဲ ရရှိသူ သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG