သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အကြို ၂ ရက်  လူထုစစ်တမ်းမှာ အိုဘားမား ရှေ့ပြေးနေဆဲ


အမေရိကန်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ရက်ပဲ လိုတော့တဲ့အချိန် သမ္မတလောင်းများ ဖြစ်ကြတဲ့ ဘရက်အိုဘားမားနဲ့ ဂျွန်မက်ကိန်းတို့ အရေးကြီးတဲ့ပြည်နယ်များမှာ အကြီးအကျယ် မဲဆွယ်နေကြပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် အိုဘားမားဟာ Ohio ပြည်နယ် မဲဆွယ်ပွဲတွေ တသီကြီး ပြုလုပ်ရင်း Cleveland မြို့ မှာတော့ ရော့ခ် အဆိုတော် ဗရု စပရင်း စတင်း က သူ့ဘက်က ပါဝင်ကူညီပါလိမ့်မယ်။ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် မက်ကိန်းလည်းပဲ Pennsylvania ပြည်နယ် Philadelphia မြို့ အနီးမှာ မဲဆွယ်ပွဲကို စတင်ပါလိမ့်မယ်။ အမေရိကန်မှာ သမ္မတ ဖြစ်ရေးအတွက် အနည်းဆုံး လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ထဲက ၁၅မဲကို အိုဟိုင်းယိုးနဲ့ ပင်ဆယ်ဗေးနီးယား နှစ်ပြည်နယ်ပေါင်း က ရရှိမှာမို့ သူတို့ အရေးထား မဲဆွယ်နေကြတာပါ။ စနေနေ့ည ရုပ်သံလွှင့် ဟာသခန်းကနေ မက်ကိန်းက နိုင်ငံရေး ပြက်လုံးများ ထုတ်သွားပြီး စောစောပိုင်းကတော့ Virginia နဲ့ Pennsylvania ပြည်နယ်တို့မှာ အခွန်လျော့ချမယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ အားပျော့နေတဲ့ အမေရိကန် စီးပွားနေတဲ့ ဖြည့်တင်းပေးမယ်လို့ ဂတိပြု မဲဆွယ်ခဲ့ပါတယ်။

အိုဘားမားကလည်း Nevada၊ Colorado နဲ့ Missouri တို့မှာ မဲဆွယ်စဉ် စီးပွားရေးကိုပဲ အဓိကထား တင်ပြ သွားပါတယ်။ အိုဘားမားက အမေရိကန်ရဲ့ စီးပွားရေး ပြန်ကောင်းအောင် ပိုပြီးလုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် ပိုပြီး လူကြိုက်များနေတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG