သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက်အကျပ်အတည်း ဖြေရှင်းရေး အာရှဒေသဘက်က လုပ်ဆောင်ချက်များ


အောက်တိုဘာ ၂၇၊ ၂၀၀၈ - ကမ္ဘာတလွှား အစုရှယ်ယာဈေးနှုန်းတွေ ဆက်ပြီးကျ
ဆင်းနေဆဲရှိပြီး ဘယ်အချိန်မှာ ငွေကြေးဈေးကွက် အခြေအနေ ပြန်ကောင်းလာ
မလဲဆိုတာကို ဘယ်သူကမှ အတိအကျ မပြောဆိုနိုင်ကြပါဘူး။ ကမ္ဘာ့နိုင်ငံ
အသီးသီးရဲ့ တာဝန်ရှိသူတွေကတော့ လက်ရှိအခြေအနေကနေ ပိုပြီးဆိုးမသွား
အောင်၊ အခြေအနေပြန်ကောင်းလာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစား လုပ်
ဆောင်နေကြပါတယ်။
ဒီထဲမှာ အာရှဒေသအစိုးရတွေလည်း အပါအဝင်ပါ။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေးဈေးကွက်အကျပ်အတည်း ဂယက်ရိုက်ခတ်လာ
ရင် အပြန်အလှန်အကူအညီပေးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဒေါ်လာ သန်း
၈၀,၀၀၀ တန် ရန်ပုံငွေတရပ် ထူထောင်ကြဖို့ အရှေ့အာရှနိုင်ငံတွေက
သဘောတူလိုက်ကြပါတယ်။ ဒီလိုရန်ပုံငွေထူထောင်ဖို့ လုပ်ဆောင်လိုက်တာဟာ
ဒေသတွင်းဈေးကွက်တွေမှာ ယုံကြည်မှုကို ပြန်ပြီးမြှင့်တင်ပေးနိုင်မယ်လို့ သုံးသပ်
ကြပါတယ်။ ရန်ပုံငွေနဲ့သက်ဆိုင်တဲ့နိုင်ငံတွေကတော့ မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ်
ပါဝင်တဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီး
ယားနိုင်ငံတွေပါ။ ဒီနိုင်ငံတခုခုမှာ ဘဏ္ဍာရေးအခြေအနေ အရေးပေါ်ဖြစ်လာခဲ့ရင်
ဒီရန်ပုံငွေထဲကနေ ထုတ်ယူသုံးစွဲပြီး ဖြေရှင်းနိုင်ပါမယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG