သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်း ၂ ဦး အပြိုင်အဆိုင် မဲဆွယ်နေဆဲ


အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barack Obama) နဲ့
ရီပတ်ဘလီကန် သမ္မတလောင်း ဂျွန် မက်ကိန်း (John McCain) တို့ဟာ ရွေးကောက်
ပွဲမတိုင်ခင် တရက်အလိုမှာ တနေကုန်တနေခန်း နောက်ဆုံးအချီအနေနဲ့ မအားမလပ်
မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။

ဘရက်ခ် အိုဘားမားက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ သမ္မတဘုရှ် အနိုင်ရခဲ့တဲ့ ဖလော်ရီဒါ
ပြည်နယ်၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ မဲဆွယ်
စည်းရုံးခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ရောက်နေတဲ့ ဘရက်ခ် အိုဘားမားက သူ့ကို
လာရောက်အားပေးကြတဲ့ လူအုပ်ကြီးကို အရှိန်မသတ်ကြသေးဘဲ အင်္ဂါနေ့ည မဲရုံတွေ
မပိတ်ခင်အထိ တိုက်ပွဲဝင်သွားကြဖို့ ဆော်ဩခဲ့ပါတယ်။

တတိုင်းပြည်လုံး ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အီလွီနွိုက်စ်ပြည်နယ် အထက်
လွှတ်တော်အမတ်ဖြစ်သူ ဘရက်ခ် အိုဘားမားက သူ့ပြိုင်ဘက် ဂျွန် မက်ကိန်းထက်
၇.၅% ရှေ့ပြေးနေပါတယ်။

တချိန်ထဲမှာပဲ ဖလော်ရီဒါပြည်နယ်မှာ ဂျွန် မက်ကိန်းဟာ အိုဘားမားကို မီလုနီးပြန်
ဖြစ်နေတာမို့ လူထုကြီးကို သူက …

"ကျနော် မက်ကိန်း ပြန်လာပြီ၊ ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရမှာဖြစ်တယ်" လို့
ကြွေးကြော်ခဲ့ပါတယ်။

ဂျွန် မက်ကိန်း ဖလော်ရီဒါပြည်နယ်ပြီးတဲ့နောက် တင်နက်စီပြည်နယ်မှာ ခရီးတထောက်
နား၊ နောက်ဆုံး သူ့ဇာတိပြည်နယ်ဖြစ်တဲ့ အရီဇိုးနားပြည်နယ်မှာ အမေရိကန်စံတော်
ချိန် တနင်္လာနေ့ သန်းခေါင်ယံမှာ လူထုကြီးကို မိန့်ခွန်းပြောဖို့ အစီအစဉ်ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG