သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ပွဲရ အိုဘားမားကို  ဘန်ကီမွန်း ဂုဏ်ပြု


အခု အမေရိကန် ရွေးကောက်မှာ အနိုင်ရပြီး သမ္မတသစ် ဖြစ်လာတဲ့ ဘရက်ခ် အိုဘားမား ကို ကုလသမဂ္ဂ အတွင်းရေးမှုူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ကြောင်း ပြောလိုက်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် နိုင်ငံတို့ကြား ယုံကြည်မှု အပြည်ရှိတဲ့ အနာဂတ် ဆက်ဆံရေးတွေကို မစ္စတာ အိုဘားမားက လုပ်ကိုင်ဆောင်ရွက်မယ့် သူတဦး ဖြစ်တယ်လို့ မစ္စတာ ဘန်ကီးမွန်းက နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောလိုက်တာကို VOA သတင်းထောက် Margaret Besheer က သတင်းပေးပို့ထားတာကို ဒေါ်သင်းသီရီက တင်ပြပေးပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား စီမံကိန်း အသစ်တွေနဲ့ လုပ်ငန်းသစ်တွေကို အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမူူးချုပ်က ပြောလိုက်ပြီး ဒါဟာ သမိုင်းတွင်စေမယ့် အခွင့်အလန်းသစ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ဟာ မိတ်ဆွေသစ်တွေနဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ ခေတ်သစ်တခုကို ဦးတည်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

အထက်လွှတ်တော်အမတ် အိုးဘားမား ရဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်းက ကုလသမဂ္ဂနဲ့ ဆိုင်တဲ့ ပြောဆိုမှု တချို့ကို လည်း မစ္စတာ ဘန်ကီမွန်းက အခုလို ပြန်ပြောပြခဲ့ပါသေးတယ်၊

“သူဟာ တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ခေတ်သစ် တခု ထူထောင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပြောဆို ဖူးပါတယ်။”

လူထုမဲဆွယ်စည်းရုံးမှုတွေဟာ ရွေးကောက်ပွဲနီးလာတာနဲအမျှ အင်မတန်ကို စိတ်ဝင်စားစရာကောင်းလာတယ်လို့ လည်း ကုလသမဂ္ဂအတွင်းရေးမူးချုပ်က ဆိုပါတယ်၊ ဒါ့အပြင် မစ္စတာ အိုဘားမားရော ဂျွန်မက်ကိန်း တို့ ၂ဦၤးစလုံးဟာ ထူးချွန် ပြောင်မြောက်တဲ့ သူတွေဖြစ်တယ်လို့လည်း ဂုဏ်ပြုပြောဆိုလိုက်ပါတယ်။

မစ္စတာ အိုဘာမားနဲ့ သူစကားပြောဆိုခြင်းမပြုရသေးပေမယ့် ပုဂ္ဂိုလ်ရေးအရ မကြာခင် ဂုဏ်ပြုနှုတ်ဆက်စကားဆိုမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှုူးချုပ်က ဆိုပါတယ်။

မစ္စတာ အိုဘာမား ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ်ရွေးချယ်ခံရပြီး မကြာခင် သူလည်း ကုလသမဂ္ဂ အတွင်းရေးမှုူးချုပ် တာဝန်ယူအပြီး လွန်ခဲ့တဲ့ တနှစ်လောက်က ဝါရှင်တန်ကနေ နယူယောက်အသွားလေယဉ်ပေါ်မှာ ဆုံခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ နှစ်ယောက်စလုံး လေယာဉ်ပေါ်မှာ တနာရီခွဲကျော်လောက် အကြောင်းအရာ တော်တော်များများအပေါ် ဆွေးနွေးရင် အချိန်ကုန်ခဲ့ကြပါတယ်။ သူက ကုလသမဂ္ဂကနေ အဓိက လုပ်ဆောင်နေတဲ့ ကိစ္စတွေကို မေးပါတယ်။ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံက ညူကလီးယားမပြန့်ပွားရေး ကိစ္စမေးပါတယ်။ သူဟာ အင်မတန် စေ့စေ့စပ်စပ် သိထားသူဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ အကြောင်းကိုလည်း တော်တော်လေး သိထားသူတယောက်ပါ။ ကျွန်တော်ကတော့ တကယ်ကို အားတက်မိပါတယ်။”

ဒါ့အပြင် ကမ္ဘာကြီးနဲ့ ကုလသမဂ္ဂတို့အတွက် လက်ရှိဖြစ်ပေးနေတဲ့ အရေးပေါ် ကိစ္စရပ်တွေနဲ့ အတူ မူဝါဒရေးရာတွေကိုပါ ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတသစ်နဲ့အတူ သူ့ရဲ့ နိုင်ငံခြားရေးရာ အကြံပေးအဖွဲ့ဝင်တွေ မစ္စတာ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ်တွေနဲ့အတူ တွေ့ဆုံဆွေးနွေးဖ့ိုသူကြိုစားမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမူူးချုပ်က နယူးယောက်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG