သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအကြံပေးအဖွဲ့နှင့် အိုဘားမား တွေ့ဆုံ ဆွေးနွေး


အမေရိကန် သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဘားရက် အိုဘားမား ဟာ သူ့ ရဲ့ စီးပွားရေး မူဝါဒ ဆိုင်ရာ အဖွဲ့နဲ့ ချီကာဂိုမြို့ မှာ ဒီကနေ့ တွေ့ဆုံပါတယ်။ အဲဒီ အဖွဲ့မှာ နံမည်ထင်ရှားတဲ့ အရင် နဲ့ အခု အစိုးရ အရာရှိကြီးတွေ ပါဝင်သလို၊ သန်းကြွယ်သူဌေးကြီး ဝါရင့် ဘာဖက် လည်း ပါဝင်ပါတယ်။

အဲဒီ အစည်းအဝေး တက်ရောက်သူတွေထဲ မှာ ယခင် ဘဏ္ဍာရေး ဝန်ကြီး လောရင့် ဆန်းမား၊ ယခင် ဗဟိုဘဏ် ဥက္ကဌ ပေါ ဗော်လ်ကာ တို့လည်း ပါဝင်ပါတယ်။ သူတို့ ၂ ယောက် အနက် က တစ်ယောက် ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လိမ့်မယ်လို့ ဖော်ပြထားပြီး၊ မစ္စတာ အိုဘားမား က မကြာမီ ရွေးချယ်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

ရွေးကောက်ပွဲ ပြီးကတည်း က ဆိုရင် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကိုလည်း ကျင်းပခဲ့ပါတယ်။ မစ္စတာ အိုဘားမား ဟာ တရားဝင် သမ္မတ အဖြစ် တာဝန်ယူဆောင်ရွက်ဖို့ ဆယ်ပတ်ပဲ လိုပါတော့တယ်။ သမ္မတ ရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် ရမ်း အီမန်နျူရယ် (Rahm Emanuel) ကို ကြာသပတေးနေ့ က ရွေးချယ်ခဲ့ပါတယ်။

အီမန်နျူရယ် ဟာ အီလီနွီုင်း ပြည်နယ် က အောက်လွှတ်တော် အမတ် တစ်ဦးဖြစ်ပြီး သမ္မတ ဘီလ် ကလင်တန် လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

မစ္စတာ အီမန်နျူရယ် ကို မိတ်ဆွေကောင်းတစ်ယောက် အဖြစ် အိုဘားမား က ခေါ်ဆိုခဲ့ပြီး၊ အလုပ်တွေ ပြီးအောင် ဆောင်ရွက်ရာမှာ သူ့ထက်ကောင်းတဲ့သူ မရှိပါဘူး လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG