သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူစွမ်းအင်သုံး ရုရှားရေငုပ်သင်္ဘော မတော်တဆ ထိခိုက်မှုကြောင့် လူ ၂၀ သေဆုံး


ရုရှားရေတပ်က ဂျပန် ပင်လယ်ထဲမှာ ရှိနေတဲ့ နျူကလီးယား စွမ်းအင်သုံး Nerpa လို့ အမည်ရတဲ့ ရုရှား ရေငုပ် သင်္ဘောတစီးထဲမှာ မနေ့က မတော်တဆ ဖြစ်ပွားမှုကြောင့် အနည်းဆုံး ၂၀ သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှား ရေတပ် ပြောရေးဆိုခွင့်ရှိသူ Captain Igor Dygalo က အဲဒီ ရေငုပ်သင်္ဘောဟာ ဒီကနေ့မှာတော့ ရုရှား ရဲ့ Vladivostok ပစိဖိတ် ဆိပ်ကမ်းကို ပြန်လည် ရောက်ရှိလာပြီလို့ ဆိုပါတယ်။

ရေငုပ်သင်္ဘောရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ကတော့ မပျက်စီးဘဲ ရေဒီယို ဓာတ်ကြွမှုဟာလည်း ပုံမှန် အဆင့်မှာ ရှိနေတယ်လို့ဆိုပါတယ်။ ရုရှား သတင်းတွေထဲမှာ ဖော်ပြထားတာကတော့ အဲဒီ ရေငုပ် သင်္ဘောရဲ့ အရှေ့ဘက် အခန်း နှစ်ခန်းမှာ မီးငြိမ်းသပ်တဲ့ ယန္တယားက မတော်တဆ ရုတ်တရက် ပွင့်ထွက်သွားရာက ရေခဲသေတ္တာတွေ၊ မီးငြိမ်းသပ်တဲ့ နေရာတွေမှာ သုံးလေ့ရှိတဲ့ Freon ဓာတ်ငွေ့တွေ အပြင်ကို ထွက်လာပြီး အဲဒီဓာတ်ငွေ့က အဆိပ်တွေကို ရှူမိလို့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ အများစုက အရပ်သား ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ဖြစ်ပါတယ်။ အဲဒီ ရေငုပ် သင်္ဘောမှာ အလုပ်သမား ၈၁ ဦးအပါအဝင် လူပေါင်း ၂၀၈ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG