သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုနိုင်ငံ ၂၀ ဘဏ္ဍာရေး ဝန်ကြီးတွေ စီးပွားရေး တည်ငြိမ်ရေး ဆွေးနွေး


လတ်တလော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာငွေကြေး ဈေးကွက် ပြန်လည် တည်ငြိမ်လာအောင် အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ ထိပ်တန်း စက်မှုနိုင်ငံတွေနဲ့ စီးပွားရေး တောင့်တင်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောကြားလိုက်ပေမယ့် ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ကမ္ဘာ့ ဘဏ္ဍာ ငွေကြေး ဈေးကွက်အပေါ် ယုံကြည်မှု ပြန်လည် ရရှိလာအောင် လုပ်ဆောင်ပြီး အနာဂတ်မှာ အခုလို ပြဿနာမျိုး နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ကြဖို့ ဘရာဇီးလ်နိုင်ငံမှာ ပြုလုပ်နေတဲ့ အဲဒီ G 20 လို့ခေါ်တဲ့ ထိပ်သီး နိုင်ငံပေါင်း ၂၀ က ဝန်ကြီးများ စည်းဝေးပွဲက မနေ့က အခုလို ပြောကြားလိုက်တာပါ။

အခုလို ဘဏ္ဍာ ငွေကြေးဈေးကွက် မတည်မငြိမ် ဖြစ်ရတာဟာ စွန့်စား ရင်းနှီးမြုပ်နှံမှုတွေ မတရား ပြုလုပ်ခဲ့တာနဲ့ အုပ်ချုပ်မှုပိုင်း ဆိုင်ရာတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ဘာရာဇီးလ်နိုင်ငံ Sao Paulo မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အဲဒီညီလာခံက ပြစ်တင် ပြောဆိုပါတယ်။ ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ ဘဏ္ဍာ ငွေကြေး ဈေးကွက် ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ယုံတင်မကပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဝင်ငွေနဲတဲ့နိုင်ငံတွေမှာ အခုလို ငွေကြေးဈေးကွက် မတည်ငြိမ်မှု နဲနိုင်သမျှ နဲအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG