သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်


အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား
တွေကို ဒီကနေ့ စီရင်ချက်ချမှတ်လိုက်ပြီး အများစုကို ထောင် ၆၅ နှစ်စီ ချမှတ်လိုက်
တယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်း
အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ စီရင်ချက်ချခံရတဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေကတော့ ကိုမင်းဇေယျ၊
ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်
ကျော်၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင် (ခ)
ကြီးသန်း၊ ကိုဇေယျာ၊ ကိုကျော်ကျော်ထွေး
(ခ) မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော် (ခ)
ဇောက်ထိုး၊ မနီလာသိန်း၊ မသင်းသင်းအေး
ခေါ် မမီးမီး၊ မမာမာဦး၊ မစန္ဒာမင်းနဲ့
မသက်သက်အောင်တို့ဖြစ်ပြီး အားလုံး
၁၄ ယောက်ဖြစ်ပါတယ်။ ဒီသတင်းကို
ကိုပဏ္ဍိတ်ထွန်းရဲ့မိခင် ဒေါ်ညွန့်ညွန့်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ အခုလို
ပြောပါတယ်။

"ကျမလည်း ထောင်ရှေ့မှာနေတဲ့ မိတ်ဆွေတယောက်ပေါ့၊ အဲဒီရပ်ကွက်ထဲက၊
သူလှမ်းပြီးအသိပေးလို့ သိတာပါ။ သူတို့ကတော့ ကျမတို့ကို အိမ်တိုင်ရာရောက်
တရားဝင် စာနဲ့လည်း အကြောင်းကြားတာမဟုတ်ဘူး၊ နှုတ်နဲ့လည်း အကြောင်းကြား
တာမဟုတ်ဘူး။ ကျမတို့လည်း ကြားတာပဲ။ ကိုပဏ္ဍိတ်ထွန်း အပါအဝင် ၁၄ ယောက်ကို
ထောင်ဒဏ် ၆၅ နှစ်ချလိုက်တယ်လို့ ကျမ ကြားပါတယ်။"

ဒီနေ့ စီရင်ချက်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ
သူတို့လည်း ကြားသိရကြောင်း ပြောပေမယ့် အာဏာပိုင်တွေထံက တိုက်ရိုက်
အကြောင်းကြားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

အခုလို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တဲ့သတင်းကို အင်းစိန် အကျဉ်းဦးစီးဌာနကို
ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အတည်ပြုချက် မရခဲ့သလို သတင်းထုတ်ပြန်ရေးမှာ
တာဝန်ရှိတဲ့ ရဲမှူးကြီးဝင်းခေါင်ကို ဆက်သွယ်ပေမယ့်လည်း တယ်လီဖုန်း လက်ခံ
ဖြေကြားတာ မရှိခဲ့ပါဘူး။

ထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရေး
အကျဉ်းသားဟောင်းတယောက်က သူရရှိထားတဲ့သတင်းကို အခုလိုပြောပြပါတယ်။

"သိရတယ်ဆိုတာ ဒီဟာနဲ့ပတ်သက်ပြီးတော့ မာကီးခေါ် ကျော်ထွေးကို ၆၅ နှစ်၊ ဂျင်မီ
ကို ၆၅ နှစ်၊ မင်းဇေယျကို ၆၅ နှစ်၊ ပဏ္ဍိတ်ထွန်းကို ၆၅ နှစ်၊ အံ့ဘွယ်ကျော်ကို ၆၅ နှစ်၊
မီးမီးကို ၆၅ နှစ်၊ နီလာသိန်းကို ၆၅ နှစ်၊ သက်သက်အောင်ကို ၆၅ နှစ်၊ မာမာဦးကို
၆၅ နှစ်၊ နေမျိုးကျော်က နှစ် ၂၀ နဲ့ ၆ လ၊ စောဝေက ၂ နှစ်၊ နောက် ကြီးသန်းက
၆၅ နှစ်၊ စန္ဒာမြင့်ခေါ် ရွှီးက ၆၅ နှစ် အမိန့်ချလိုက်တယ်ဆိုတဲ့အကြောင်း သိရှိရတယ်။"

သူကတော့ ဒီကနေ့ တာမွေတရားရုံးကို ရုံးထုတ်လာသူတွေဆီက တဆင့် သိရတာ
ဖြစ်တယ်လို့ ပြောပါတယ်။

အင်းစိန်ထောင်အနီးမှာ နေထိုင်တဲ့သူတယောက်ကတော့ ထောင်ဝင်စာသွားတွေ့သူ
တွေကို မမီးမီးက ရုံးထုတ်ပြီးအပြန်မှာ သူတို့တွေကို ထောင် ၆၅ နှစ် ချမှတ်လိုက်တဲ့
အကြောင်း အော်ပြောသွားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ထောင်ဒဏ်
၆၅ နှစ် ချမှတ်ခံရသူတွေဟာ အီလက်ထရောနစ်ဥပဒေအရ ၁၅ နှစ်စီနဲ့ အမှု ၄ မှု
အတွက် နှစ်၆၀၊ တရားမဝင်အသင်း ဥပဒေအရ ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၆၅ နှစ်
ချမှတ်ကြောင်း ပြောပါတယ်။

အခုလို စီရင်ချက်ချမှတ်လိုက်တဲ့အပေါ်မှာ ကိုပဏ္ဍိတ်ထွန်းရဲ့မိခင်က အခုလိုပြောပါ
တယ်။

"ဒါက နည်းမှန်လမ်းမှန်လည်း မဟုတ်ဘူး၊ တရားသဖြင့်လည်း မဟုတ်တဲ့အတွက်
ကြောင့် ဝေဖန်တဲ့လူအပိုင်းကလည်း ဘာကိုဝေဖန်ရမှန်း မသိဘူး။ တရားဥပဒေအတိုင်း
ဆိုရင် ကျမတို့သားတွေက ခိုးဆိုးလုယက် ဖျက်ဆီးနေတာလည်း မဟုတ်ဘူး။ ဒီလောက်
ကြီး ပြစ်ဒဏ်ကြီးကြီးမားမား ချလိုက်တဲ့အပေါ်မှာ အံ့သြလွန်းလို့ ဘာပြောရမှန်းတောင်
မသိတဲ့အနေအထား ဖြစ်နေတယ်။"

ဒီကနေ့ စီရင်ချချမှတ်လိုက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို လွန်ခဲ့တဲ့နှစ် သြဂုတ်
လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလေျှာက်
ဆန္ဒပြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက်မှ အမှုစတင်
စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအဝင် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုတော့
တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင် ၆ လချမှတ်ပြီး လွန်ခဲ့တဲ့လအတွင်းက မအူပင်
ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG