သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ စီးပွားရေး ဆုတ်ယုတ်ကျဆင်း


အာရှနဲ့ ဥရောပတလွှားက ငွေကြေးဈေးကွက်ဆိုင်ရာ သတင်းဆိုးတွေ ပိုကြားနေရ
တာကြောင့် ကမ္ဘာ့စီးပွားရေး အလွန်အမင်း ကျဆင်းနေပြီဆိုတာ အထောက်အထား
တွေ ပိုများလာပါတယ်။

ငါးနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဂျာမဏီနိုင်ငံဟာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု
ရင်ဆိုင်နေရပြီလို့ ဂျာမဏီအစိုးရရဲ့ တရားဝင်အစီရင်ခံစာက ဖော်ပြနေပါတယ်။
၂၀၀၈ ခုနှစ်ရဲ့ တတိယသုံးလပတ်မှာ ဂျာမဏီစီးပွားရေးဟာ ဝ.၅% ကျုံ့လာတယ်လို့
အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါဆိုရင် သုံးလပတ် နှစ်ကြိမ်ဆက်တိုက် စီးပွားရေး
ဆက်တိုက်ကျုံ့လာတာပါ။ ဒီအတွက် ပြည်ပထုတ်ကုန်တွေလည်း ထိခိုက်လာတယ်လို့
အပြစ်တင်ထားပါတယ်။ ဂျာမဏီနိုင်ငံဟာ ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး တတိယ
မြောက်နိုင်ငံဖြစ်ပြီး ဥရောပမှာတော့ စီးပွားအင်အားအကြီးဆုံးလို့ ဆိုရမှာပါ။

အာရှဈေးကွက် ဒီကနေ့ပိတ်ချိန်မှာတော့ အာရှ
အဓိကစတော့ခ်အညွှန်းကိန်းတွေ အတော်လေး
ကျဆင်းခဲ့ပါတယ်။ မနေ့ကတော့ အမေရိကန်
Wall Street မှာ စတော့ခ်ဈေးတွေ ကျဆင်းပြီး
ဒေါ်လာ ဘီလီယံ ၇၀၀ ဖိုး ငွေကြေးကျားကန်ပေးမှု
အစီအစဉ်ကို အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ချက်
လည်း ထွက်ခဲ့ပါတယ်။

ဒီအချိန်မှာပဲ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ စီးပွားရေး
ကျဆင်းဆုတ်ယုတ်မှုတွေ ကြုံရပြီး အခုလိုကျဆင်း
မှုဟာ ရေရှည်ရင်ဆိုင်ရမယ်လို့ ပဲရစ်အခြေစိုက်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့
ကြီးက ပြောပါတယ်။ ကမ္ဘာ့စက်မှုထိပ်တန်းနိုင်ငံ
၂၀ က ခေါင်းဆောင်တွေဟာ ဒီစီးပွားရေးပြဿနာ ငွေကြေးအကျပ်အတည်းတွေကို
ဖြေရှင်းဖို့ အခု စနေနေ့မှာ ဝါရှင်တန်မှာ ဆုံကြဖို့ရှိပါတယ်။

အမေရိကန်မှာတော့ ၇နှစ်အတွင်းမှာ အလုပ်လက်မဲ့နှုန်း အများဆုံးဖြစ်လာပြီလို့ အမေ
ရိကန် အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG