သုံးရလွယ်ကူစေသည့် Link များ

ဥရောပ ၁၅ နိုင်ငံ စီးပွားရေး ကျဆင်း


ယူရိုငွေကို နိုင်ငံတော် ငွေကြေး အဖြစ် သတ်မှတ် အသုံးပြုနေတဲ့ နိုင်ငံ ၁၅ နိုင်ငံဟာ တရားဝင် စီးပွါးကျကပ်ထဲ ရောက်ရှိနေပြီလို့ ဥရောပ သမဂ္ဂက ပြောပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာ့ ခေါင်းဆောင်တွေက ကမ္ဘာ့ ငွေကြေး အကျပ်အတည်းကို ဆွေးနွေးဖို့ ၀ါရှင်တန်မှာ စုံညီ ရောက်ရှိ နေကြပါတယ်။

တတိယ သုံးလပတ် စီးပွါးရေး တိုးတက်မှုဟာ ယူရိုငွေသုံး ဇုံမှာ ၀.၂ % ကျသွားတယ်လို့ အီးယူက ပြောပါတယ်။ အရင် သုံးလပတ် တုန်းကလည်း အလားတူး ကျဆင်းခဲ့ပါတယ်။

ယူရိုငွေသုံး ဇုံအတွင်းက နိုင်ငံတွေ ဖြစ်ကြတဲ့ ဂျာမနီ နဲ့ အီတလီ နိုင်ငံတို့ ဟာ စပိန် နဲ့ အိုင်ယာလန် နိုင်ငံတွေကို သွားပူးပေါင်းလို့ ယခု စီးပွါးကျ ကပ်ထဲ ရောက်နေပါပြီ။ ဒါပေမဲ့ ပြင်သစ် နိုင်ငံကတော့ ၀.၁ % စီးပွါးရေး တိုးတက်သွားတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ စာရင်းတွေက ပြသပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ ၀ယ်လိုအား ကျလာတာကြောင့် တတိယ သုံးလပတ် မှာ စီးပွါးရေး ကျသွားခဲ့တယ်လို့ ဟောင်ကောင်က ကြေညာပါတယ်။

ဒီ အချိန်မှာပဲ၊ ကမ္ဘာ့ ငွေကြေး အကြပ်အတည်းနဲ့ ပတ်သက်ပြီး မဟာ စီးပွါးရေး နိုင်ငံတွေနဲ့ တက်သစ်စ စီးပွါးရေး နိုင်ငံတွေ ပါဝင်မယ့် နိုင်ငံ ၂၀ က ခေါင်းဆောင်တွေဟာ ၀ါရှင်တန်မှာ ဆွေးနွေး ကြပါတော့မယ်။ သမ္မတ ဘုရှ် က သောကြာနေ့မှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ ဧည့်ခံဖို့ ရှိပါတယ်။ စနေနေ့မှာ တရားဝင် အစည်းအဝေး စမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG