သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် ဟောင်း တက်ဆင် ဘယ်ရောက်နေလဲ


ပြည်ပမှာ တိန်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ချီနဝဒ် ဟာ ဒီတပတ်အစောပိုင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် အခု ဟောင်ကောင်ကို ကျော်ဖြတ်သွားပါတယ်။ မစ္စတာ တက်ဆင်ဟာ ဟောင်ကောင်က ထွက်ခွာသွားပြီး ဘယ်ကို ဦးတည်သွားသလဲ ဆိုတာ အတည်ပြု မပြောဆိုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့အပတ်ကစပြီး သူ ဘယ်ရောက်နေတယ်ဆိုတဲ့သတင်း ပျောက်နေခဲ့တာပါ။ ဗြိတိန်နိုင်ငံဟာ မစ္စတာ တက်ဆင်ကို ပေးထားတဲ့ ပြည်ဝင်ခွင့် ဗီဇာကို ရုတ်သိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ တရားခံ လွှဲပြောင်းရေး သဘောတူညီချက် မရှိထားတဲ့ နိုင်ငံတခုခုမှာ ခိုလုံခွင့်တောင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြည်ပရောက် ထိုင်းတွေက ဆိုပါတယ်။ သူ့အပေါ် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက သူ့ကို ပြန်လိုချင်နေပါတယ်။

တက်ဆင် စဉ်းစားနေတဲ့နိုင်ငံတခုကတော့ ယူအေအီး ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မစ္စတာ တက်ဆင်ဟာ ပြည်ပရောက် ထိုင်းအာဏာပိုင်တချို့နဲ့ ဟောင်ကောင်မှာ ညနေစာ စားခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG