သုံးရလွယ်ကူစေသည့် Link များ

နောက်ထပ် ဘဏ္ဍာရေး အကျပ်အတည်းမဆိုက်စေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စီမံကိန်းချ


ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရေး ဆွေးနွေးကြဖို့အတွက် စက်မှုနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခေါင်းဆောင်တွေ စနေနေ့က အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်မှာ စုဝေးခဲ့ကြပါတယ်။ စီးပွားရေး နောက်ထပ် အားနည်းမှုကို ကာကွယ်ဖို့အတွက် ဘဏ္ဍာငွေကြေးဈေးကွက်ကို ဆက်ဖွင့်ထားရေး စည်းမျဉ်းမူဝါဒတွေကို သဘောတူ ချမှတ်ခဲ့ကြပါတယ်။

ဘဏ္ဍာရေးစနစ်တည်ငြိမ်ဖို့အတွက် လိုအပ်တဲ့နောက်ထပ် ဘယ်လို လုပ်ဆောင်မှု တွေကိုပဲဖြစ်ဖြစ် လုပ်ဆောင်ကြဖို့လည်း G20 နိုင်ငံတွေကခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ဘဏ္ဍာရေးဈေးကွက်အပေါ် စည်းမျဉ်းစည်းကမ်းတွေ အားကောင်းအောင် လုပ်ဖို့ ကတိက၀တ် ပြုခဲ့ကြသလို ရင်းနှီးမြှုပ်နှံသူတွေကို အားပေးပြီး စားသုံးသူတွေကို အကာအကွယ် ပေးဖို့လည်း ခေါင်းဆောင် တွေ အခိုင်အမာပြောခဲ့ကြပါတယ်။

စားသုံးသူတွေရဲ့ ၀ယ်ယူသုံးစွဲမှု တိုးလာစေဖို့အတွက် စီးပွားရေး အားတိုးဆေး အစီအစဉ်တွေကို ချမှတ်ဖော်ဆောင်ကြဖို့ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ကနေ အစိုးရတခုချင်းစီကို တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG