သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်လို့ ခေတ္တ ဆူနာမီ သတိပေးခဲ့ရ


အင်ဒိုနီးရှာနိုင်ငံအရှေ့ပိုင်း စူလာဝေစီကျွန်းမှာ ဒီနေ့မနက်က အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တာကြောင့် ငလျင် ဗဟိုပြုရာကနေ မိုင် ၆၂၀ ဝန်းကျင်အတွင်းနေထိုင်သူတွေကို စူနာမီ သတိပေးချက်ထုတ်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနရဲ့ အဆိုအရ ငလျင်ရဲ့ ပြင်းအားဟာာ ၇.၅ရှိတာကြောင့်မို့ ဟာဝါအီ အခြေစိုက် ပစိဖိတ် စူနာမီ သတိပေး ဌာနကနေ သတိပေးချက် ခတ္တ ထုတ်ပြန်ခဲ့ရပါတယ်။

စူလာဝေစီကျွန်ရဲ့ မြောက်ဘက် မိုင် ၈၀ အကွာမှာ ငလျင်လှုပ်ခဲ့ပြီးနောက် အဲဒီ ဝန်းကျင်မှာ ပြင်းအား ၅.၅ ရှိတဲ့ ငလျင် နှစ်ကြိမ် ထပ်ပြီး လှုပ်ခဲ့ပါသေးတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေကလည်း စူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ဒီရေလှိုင်းလုံးကြီးတွေ တက်တာ မတွေ့ရလို့ ပြန်ပြီး ရုတ်သိမ်းခဲ့ရပါတယ်။ စူလာဝေစီ ကျွန်းက ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ကြပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပေမယ့် အသေအပျောက်နဲ့ အကြီးအကျယ် ဒဏ်ရာရရှိခဲ့တဲ့ သတင်းတော့ မရရှိဘူးလို့ အေဖက်ပီသတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG