သုံးရလွယ်ကူစေသည့် Link များ

ယိုယွင်းပျက်စီးလာတဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်


လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားနေသူများ၊ ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ သတင်းထောက်များ၊ ဘလော့ဂါ၊ ကဗျာဆရာ နဲ့ သူတို့ရှေ့ နေများကို စစ်အစိုးရ တရားရုံးများက မယုံနိုင်လောက်အောင် ကြီးမားတဲ့ နှစ်ရှည်ထောင်တန် အပြစ်ဒဏ်တွေ ချမှတ်ခဲ့တဲ့ အချက်က မြန်မာနိုင်ငံရဲ့  တရားစီရင်ရေးစနစ်က မတရား တဖက်စောင်းနှင်ဖြစ်နေကာ ပျက်စီးယိုယွင်း ပြိုလဲနေပြီးဆိုတာကို သက်သေပြသနေပါတယ်။

တဖက်မှာလည်း စစ်အစိုးရ တရားသူကြီးတွေ၊ ခုံသမာဓိ လူကြီးတွေရဲ့  သမာသမတ်မရှိမှု၊ မသမာမှု၊ အဂတိလိုက်စားမှုတွေ၊ အာဏာရှင်တွေ အလိုကျ လုပ်ဆောင်နေတဲ့အချက်ကလည်း ကမ္ဘာ့အလယ်မှာ ရှက်ဖွယ်လိလိဖြစ်နေရပါပြီ။ မြန်မာနိုင်ငံရဲ့  ယနေ့ ပြစ်ဒဏ်စီရင်မှုတွေက တရားစီရင်ရေး မဟုတ်တော့ဘဲ မတရားစီရင်ရေး ဖြစ်နေပြီလို့ ဆိုကြပါတယ်။ အာရှလူ့အခွင့်အရေး ကော်မရှင် (Asian Human Rights Commission) မှာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နော်ဝေနိုင်ငံရောက် ရှေ့ နေ ဦးမင်းလွင်ဦး ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG