သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို အိုဘားမားနဲ့ မက်ကိန်း အတူတကွ ဖြေရှင်းရေး မျှော်လင့်


အမေရိကန်သမ္မတအဖြစ် ရွေးကောက်
တင်မြှောက်ခံထားရတဲ့ ဘရက်ခ် အိုဘားမား
(Barack Obama) ဟာ ရွေးကောက်ပွဲကာလ
တုန်းက သူ့ရဲ့ပြိုင်ဘက်ဟောင်း ရီပတ်ဘလီကန်
ပါတီသမ္မတလောင်း ဂျွန်မက်ကိန်း (John
McCain) နဲ့ မနေ့က တွေ့ဆုံပြီး စီးပွားရေး အကျပ်
အတည်းကိစ္စ အပါအဝင် တိုင်းပြည်အတွက်
လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို
အတူလက်တွဲ လုပ်ဆောင်သွားကြဖို့ သဘောတူခဲ့
ကြပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အရီဇိုးနားပြည်နယ်
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို အနိုင်ရပြီးနောက်ပိုင်း မနေ့က ပထမဆုံး
အကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံကြတာဖြစ်ပါတယ်။

သူတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အကျိုးဖြစ်ထွန်းပြီး ခေတ်သစ်အတွက် ပြုပြင်ပြောင်းလဲ
မှုဆိုင်ရာ လမ်းစဉ်သစ် ချမှတ်လုပ်ဆောင်ကြဖို့ သဘောတူညီချက် ရရှိခဲ့တဲ့အကြောင်း
တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝါရှင်တန်ဒီစီမှာ ပါတီစွဲတွေ၊ အပြန်အလှန် တိုက်ခိုက်နေကြတာတွေ အဆုံး
သတ်ရေး၊ ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်မှု ပြန်လည်ရရှိလာအောင်
လုပ်ဆောင်ရေး၊ အလုပ်ကြိုးစားလုပ်ကိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတွေ အကျိုး
ခံစားခွင့်ရရှိရေး စတဲ့အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG