သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားကို အယ်လ်ကိုင်းဒါး ပုတ်ခတ်မှု သိက္ခာမဲ့ရာကျ


ရွေးကောက်ခံ သမ္မတ ဘရက် အိုးဘားမားကို လူမျိုးရေးအရ စော်ကား တိုက်ခိုက်ထားတဲ့ အယ်လ်ကိုင်းဒါး (Al-Qaida) အဖွဲ့ရဲ့ ကြေညာချက်ဟာ ဂုဏ်သိက္ခာမဲ့၊ အသုံးမကျ နုံချာတဲ့ စကားတွေလို့ ခေါ်ဆိုပြီး သမ္မတ အိမ်ဖြူတော်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မစ္စတာ အိုဘားမား ရွေးကောက်ခံရတဲ့အပေါ် အကြမ်းဖက်အုပ်စုရဲ့ ပထမဆုံးတုန့်ပြန်ချက်က အမေရိကန်ပြည်ထောင်စုဟာ ဘယ်လို လူမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိပေးချက် တခုဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးနာ ပရီနိုး (Dana Perino) က ပြောပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် အိုင်မန် အယ်လ်-ဇာဝါရီ (Ayman al-Zawahri) ရဲ့အသံ ဖြစ်တယ်လို့ ဆိုထားတဲ့ အသံနဲ့ ကြေညာချက်ကို တင်ထားပြီး မစ္စတာ အိုဘားမားကို အာရေဘစ် ဘာသာစကားနဲ့ အိမ်ကျွန်လို့ ခေါ်ဆိုထားပါတယ်။ အင်္ဂလိပ်လို စာတမ်းထိုး ဘာသာပြန်ထားတာမှာတော့ အိမ် နီဂရိုးလို့ ဖော်ပြထားပါတယ်။ ဒီအသုံးအနှုန်းဟာ တချိန်က လူဖြူတွေကနေ လူမည်းတွေကို နှိမ့်ချခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ဇာဝါရီဟာ နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleeza Rice) နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) တို့လို ထင်ရှားတဲ့ တခြား အာဖရိကန်-အမေရိကန်တွေကိုလည်း စော်ကား တိုက်ခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG