သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံးသော အမေရိကန်စစ်တပ်ရဲ့ အမျိုးသမီးစစ်ဗိုလ်ချုပ်ကြီး Ann Dunwoody ဖြစ်လာခဲ့


ပြီးခဲ့တဲ့လတွေအတွင်းက အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာလေမလားဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့တာ အကောင်အထည် ပေါ်မလာခဲ့ပေမဲ့၊ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ အမေရိကန်စစ်တပ်မှာ ပထမဆုံး ကြယ်လေးပွင့်တပ် ဗိုလ်ချုပ်ကြီးရာထူးကို အမေရိကန်အမျိုးသမီး Ann Dunwoody ကို ပန်တဂွန်ကာကွယ်ရေးဝန်ကြီးဋ္ဌာန အခမ်းအနားမှာ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ သူ့အနေနဲ့ အမေရိကန်စစ်သားအားလုံးအတွက် လက်နက်တွေအပါအဝင် စစ်ပစ္စည်းကိရိယာတွေ တပ်ဆင်ပေးဖို့အတွက် တာဝန်ကို ယူရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Ann Dunwoody ရဲ့ သမိုင်းတင်တဲ့ အခုလို အောင်မြင်မှုအတွက် အမေရိကန်နိုင်ငံတဝှမ်းကရော နိုင်ငံတကာကပါ သူ့ကို ချီးကျူးခဲ့ကြပါတယ်။ ကြယ်လေးပွင့်တပ် ပထမဆုံး အမျိုးသမီး အမေရိကန်ဗိုလ်ချုပ်ကြီး Ann Dunwoody နဲ့ပတ်သက်လို့ အခုတပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG