သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ တရားစီရင်ချက်အပေါ် ဂေါ်ဇီလာ အမြင်


စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ စွယ်စုံအနုပညာရှင် နိုင်ငံကျော် လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ အား အင်းစိန် အကျဉ်းထောင်ထဲက တရားရုံးမှာ နိုဝင်္ဘာလ ၂၁ (သောကြာနေ့) က ထောင်ဒဏ် ၄၅ နှစ် စီရင်ချက် ချလိုက်ပါတယ်။ ဗုဒ္ဓသာသနာကို အကြည်ညိုပျက်စေမှု၊ အစိုးရကို အကြည်ညိုပျက်စေမှု၊ မတရားအသင်း စုဖွဲ့မှု၊ ဆူပှုလှုံဆော်မှု၊ ဗွီဒီယို အီလက်ထရွန်းနစ်ပုဒ်မ (violation of electronic act) စတဲ့ အမှုပေါင်းများနဲ့ စွဲချက်တင်ထားခဲ့ပါတယ်။

စွဲတင်ထားတဲ့ အမှုများအနက်မှ လက်တလောမှာ ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ သုံးခုနဲ့သက်ဆိုင်နဲ့ အမှုတွဲများကိုသာ စီရင်ချက်ချကာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်အပြစ်ပေးခဲ့ပါတယ်။ တခြားစွဲချက်တင်ထားတဲ့ အမှုများကျန်သေးတာကြောင့် ရှေ့လာမဲ့ ရက်များမှာ စီရင်ချက်ချ အပြစ်ပေးလုပ်ကိုင်ပါက ထောင်ဒဏ်တွေ ထပ်တိုးဖို့ ရှိနေပါသေးတယ်။ အခုလောက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရပေမဲ့ သူကတော့ အပြုံးမပျက် ပျက်လုံးများထုတ်ကာ ဟာသလုပ်နိုင်ကြောင်း ကိုဇာဂနာရဲ့ ရှေ့နေပြောဆိုပါတယ်။

ဗွီအိုအေ ဌာနမှုး ဦးသန်းလွင်ထွန်း က ကိုဇာဂနာ ရဲ့ လက်တွဲဖက် ဟာသအနုပညာရှင် လက်ရှိ သီးလေးသီးဆေးရောင်စုံအဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာ ကို စစ်အစိုးရရဲ့ နိုင်ငံရေးလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ ကျောင်းသားလူငယ်များအား နှစ်ရှည်ထောင်တန်ချ မတရားအပြစ်ပေးမှုအပေါ် သူရဲ့ အမြင်သဘောထား သုံးသပ်ဝေဖန်ချက်များကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG