သုံးရလွယ်ကူစေသည့် Link များ

ဗီတာမင်ဆေးဝါးသုံးစွဲမှု ကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူဖြစ်ရဲ့လား?


လူများစု နေ့စဉ် သုံးစွဲနေတဲ့ ဗီတာမင်ဆေးပြား (Vitamins) တွေဟာ တကယ်ပဲ ကျန်းမာရေးအတွက် အထောက်အကူပြုပါရဲ့လား။ ဗီတာမင်ဆေးဝါး သုံးစွဲခြင်းအားဖြင့် အမျိုးသားများအတွက် နှလုံးရောဂါ၊ အမျိုးသမီးများအတွက် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ လျော့နည်းလာတယ်ဆိုတဲ့ ယခင် ယူဆချက်များဟာ၊ အခု နောက်ဆုံး စမ်းသပ်လေ့လာချက်များမှာတော့ သံသယဖြစ်စရာတွေ တွေ့လာပါတယ်။

ဗီတာမင် အလွန်အကျွံသုံးစွဲခြင်းအားဖြင့် အသက်ရှင်နေထိုင်နိုင်မယ့် သက်တမ်း ပို တိုတောင်းလာ နိုင်တယ်လို့တောင် သုတေသနပြုချက်အချို့မှာ တွေ့ရပါတယ်။ အကောင်းဆုံးကတော့ ဗီတာမင်ဆေးဝါး သုံးစွဲတာထက် သဘာဝ အစားအစာသီးနှံတွေကရတဲ့ ဗီတာမင်ဟာ ပိုပြီး လူ့အတွက် အကျိုးဖြစ်စေတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG