သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းစီးနင်းမှု အဆုံးမသတ်နိုင်သေး


အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့
မွမ်ဘိုင်းမြို့မှာ မကြုံစဘူး ဇိမ်ခံဟိုတယ်ကြီးနှစ်ခုနဲ့
ဂျူးလူမျိုးတွေစုဝေးရာ အဆောက်အဦးတခုကို
သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပြီး တရက်
အကြာမှာ အိန္ဒိယစစ်တပ် အထူးတပ်ဖွဲ့က အဲဒီ
နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဂျူးလူမျိုးတွေစုဝေးရာ အဆောက်အဦထဲကနေ
အနည်းဆုံး ဓားစာခံ ၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်
လို့ အိန္ဒိယတာဝန်ခံတွေက ပြောပါတယ်။

သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ တာ့ချ်မဟာ
နန်းတော် (Taj Mahal Palace) ဟိုတယ်နဲ့ အိုဘရိုင်း ထရိုင်းဒန့် (Oberoi-Trident)
ဟိုတယ်က လူတွေတော်တော်များများကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အထူးတပ်ဖွဲ့
က ဟိုတယ်အထပ်တွေကို တထပ်ချင်းစီ ဝင်ရောက်ရှာဖွေ ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါ
တယ်။

အဲဒီဟိုတယ်နှစ်ခုမှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အိုဘရိုင်းဟိုတယ်
မှာ မီးလောင်ခဲ့ပါတယ်။ တာ့ချ်မဟာနန်းတော်ဟိုတယ်မှာလည်း မီးတောက်တွေ တွေ့ခဲ့
ရတယ်လို့ ဆိုပါတယ်။

မနေ့ညနေက မွမ်ဘိုင်းမြို့တခွင်က နေရာ အနည်းဆုံး ၁၀ နေရာမှာ လက်နက်ကိုင်
တွေက စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ နိုင်ငံခြားသားတွေ အပါ
အဝင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို ပိပိရိရိ စနစ်တကျ တိုက်ခိုက်ခဲ့တာဟာ နိုင်ငံပြင်ပက ကြိုးကိုင်စီစဉ်ခဲ့တာ ဖြစ်ဖို့
များတယ်လို့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဂ် (Manmohan Singh) က ပြောဆို
လိုက်ပါတယ်။ ဘယ်နိုင်ငံရယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် အိမ်နီးချင်းတွေရဲ့
ပိုင်နက်နယ်မြေကို အသုံးချပြီး အကြမ်းဖက်တိုက်ခိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ
သည်းခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အဲဒီဟိုတယ်နှစ်ခုမှာ တည်းခိုနေကြတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေကို သေနတ်
သမားတွေက ရှာဖွေခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ နောက်သက်သေ
တယောက်ကတော့ သေနတ်သမားတွေက ဘယ်သူရယ်လို့မဟုတ်ဘဲ မြင်မြင်ရာကို
ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ အဲဒီသေနတ်သမားတွေက မွမ်ဘိုင်းမြို့ကို
မော်တော်ဘုတ်နဲ့ အရောက်လာခဲ့တာ ဖြစ်ဖို့များတယ်လို့ အာဏာပိုင်တွေက ယူဆ
နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG