သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးခင်မောင်ဆွေ ရဲ့ နိုင်ငံရေးသဘောထား


ရှမ်းပြည်နယ်လားရှိုးထောင် အထူးတိုက်မှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေ (စမ်းချောင်း၊ ရန်ကုန်) ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ထောင်မကျခင်ကာလ၊ ထောင်မှပြန်လွတ်လာချိန် မြင်တွေ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အခြေအနေအပေါ် သုံးသပ်ချက်၊ နိုင်ငံရေးသမားတယောက်ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်၊ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကြပ်အတည်းအပေါ် ဖြေရှင်းလုပ်ကိုင်မှု ယုံကြည်ချက်၊ တာဝန် နဲ့ လုပ်ကိုင်ဆောင်ရွက်ချက်။ စစ်အစိုးရ လုပ်ကိုင်ပြုကျင့်နေပုံအပေါ် ထင်မြင်သုံးသပ်ချက်၊ စစ်အစိုးရ နဲ့ ဆက်ဆံရေး အဖြေရှာလုပ်ကိုင်သွားမယ့် သဘောထား၊ မြန်မာနိုင်ငံသားများရဲ့ လက်ရှိနိုင်ငံရေးအပေါ် စိတ်ဝင်းစားမှု၊ ယုံကြည်ရပ်တည်မှုအပေါ် အမြင်သုံးသပ်ချက် စတဲ့ အကြောင်းအရာများကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဦးခင်မောင်ဆွေကို စစ်အစိုးရက ၁၉၉၁ ခုနှစ်တွင်တကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဖမ်းခံရတဲ့ နှစ်ကြိမ်အတွင်း ထောင်တွင်း၌ ၁၆ နှစ်ကျော်ကြာ နေထိုင်ခဲ့ရပါတယ်။

“တွေ့ဆုံဆွေးနွေးရေးဟာ မြန်မာနိုင်ငံ မှာရှိနေတဲ့ နိုင်ငံရေး အခက်အခဲတွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” - ဦးခင်မောင်ဆွေ

ဆက်စပ်သတင်းများ ...

XS
SM
MD
LG