သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ပေါက်ကွဲမှု ၄၆ ဦးထက်မနဲ ဒဏ်ရာရ


ထိုင်းနိုင်ငံက ဆန့်ကျင်ဆန္ဒပြသူတွေ နေရာယူထားတဲ့ အစိုးရဂေဟာ အပြင်ဘက်မှာ ဗုံးကွဲမှုတခု ဖြစ်ပွားခဲ့လို့ လူ ၄၆ ဦးမက ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ဘန်ကောက်မြို့က ဝန်ကြီးချုပ် ရုံးခန်းတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေခဲ့တာတွေရဲ့ နောက်ဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေနဲ့ ကြမ်းတမ်းတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်စေချင်တဲ့ ရဲတွေက ဘန်ကောက်က သုဝဏ္ဏဘူမိ လေဆိပ် အပြင်ဘက်မှာ အရံအတားတွေ စောင့်နေတဲ့အချိန်မှာပဲ ဒုတိယ မြောက် ရဲဂိတ်ကို အစိုးရ ဆန့်ကျင်သူတွေက တိုက်ခိုက်ခဲ့ပါတယ်။

သုဝဏ္ဏဘူမိ လေဆိပ်နားက ရဲတွေ စတည်းချတဲ့ နေရာတွေကို ဒုတ်တွေ၊ သံဒုတ်တွေ ကိုင်ဆောင်ပြီးတော့ ပစ်ဖောက် လုပ်လာကြတဲ့ ဆန္ဒပြသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာမို့ အထိကရုန်း အတွင်း ရဲ ၁၅၀ လောက် နောက်ဆုတ် သွားခဲ့ပါတယ်။ အစောပိုင်းကလည်း ဆန္ဒပြသူ အယောက် ၁,၀၀၀ လောက်က မောင်းထုတ်ခဲ့လို့ နောက် ရဲကင်းစခန်း တခုကို ရဲတွေ စွန့်ခွာလို့ သွေးထွက်သံယိုမှု မဖြစ်ခဲ့ပါဘူး။

PAD ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ နဲ့ ဆန္ဒပြသူတွေ ကြာသပတေးနေ့ ကတည်းက ဝင်ရောက်စီးနင်းထားတဲ့ သုဝဏ္ဏဘူမိ လေဆိပ်ကိုတော့ M-16 တိုက်ခိုက်ရေး မောင်းပြန်သေနတ်တချို့ ကိုင်ဆောင်ထားတဲ့ စစ်တပ်နဲ့ ရဲအင်အား ၂,၀၀၀ လောက် ဝိုင်းဝန်းထားပါတယ်။ လေဆိပ်ကို အနည်းဆုံး တနင်္လာနေ့အထိ ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG