သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအခွင့်အရေး ILO စစ်အစိုးရကို တိုက်တွန်း


မြန်မာစစ်အာဏာရှင် အစိုးရဟာ ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ခလေးစစ်သား ပပျောက်ရေးတွေ နဲ့ အလုပ်သမား အခွင့်အရေး စောင့်ရှောက်ရေး တို့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကြီး (ILO - International Labor Organization) နဲ့ ကတိကဝတ်ပြုထားတဲ့အတိုင်း အပြည့်အဝ လက်နာဆောင်ရွက်လုပ်ကိုင်ခြင်း မရှိသေးကြောင်း ILO ကြီးကြပ်ရေးအဖွဲ့ (ILO Governing Body) က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ILO နဲ့ သဘောတူထားတဲ့အတိုင်း မဆိုင်းမတွ လုပ်ဖို့ လိုနေပြီးလို့ စစ်အစိုးရကို ထပ်မံတိုက်တွန်းခဲ့ပါတယ်။

ILO ကြီးကြပ်ရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်တိုက်တွန်းချက်၊ စစ်အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ တင်ပြဖြေရှင်းချက်၊ ILO အဖွဲ့ချုပ်ကြီးရဲ့ လုပ်ဆောင်နေမှုများ၊ စစ်အစိုးရရဲ့ အကြောင်းပြ တုန့်ပြန်ချက်စတဲ့ အကြောင်းအရာများကို အသေးစိတ်သိရှိနိုင်ဖို့ ဗွီအိုအေ ဌာနမှုး ဦးသန်းလွင်ထွန်း က မြန်မာအလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင် (FTUB - Federation of Trade Unions Burma) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB - National Council of the Union of Burma) အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG