သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဝါး ပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံ အေစ်ရောဂါတိုက်ဖျက်ရေး အခက်ကြုံ


မြန်မာနိုင်ငံမှာ HIV/AIDS ဝေဒနာရှင်တွေအတွက် အဓိက အသက်ကယ်ဆေး ART ဆေးပြားတွေ ရဖို့ အခက်ကြုံနေတယ်လို့ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့က နိုဝင်ဘာလ ၂၅ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ HIV ရောဂါပိုး စွဲကပ်ခံရသူ နှစ်သိန်းခွဲလောက်ရှိနေပြီး အဲဒီအထဲ ခုနှစ်သောင်း ခြောက်ထောင်လောက်ဟာ အေအာတီ ဆေးပြားရရှိဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ပြောတာပါ။

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါကြောင့် မနှစ်တုန်းက လူပေါင်း ၂သောင်းခွဲ သေဆုံးခဲ့ပြီး၊ အခု ဒီနှစ်မှာလည်း အေအာတီ ဆေးပြားတွေ အလုံအလောက်မပေးနိုင်တာကြောင့် ဒီအရည်အတွက် အတိုင်း သေဆုံးသူ ဦးရည်ရှိမယ်လို့ MSF က ခန့်မှန်းပါတယ်။

HIV/AIDS ဝေဒနာရှင်တွေအတွက် အသက်ကယ်ဆေးပမာဖြစ်တဲ့ အေအာတီ ဆေးပြား အလုံအလောက်ရရှိရေးဟာ မြန်မာနိုင်ငံရဲ့ အေစ်တိုက်ဖျက်ရေးမှာ အဓိက အကျဆုံး စိန်ခေါ်ချက်တရပ်ဖြစ်နေတယ်လို့ အေစ်ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်နေတဲ့အထဲ ထင်ရှားသူ တဦးဖြစ်တဲ့ မဖြူဖြူသင်းကလည်း သဘောတူပါတယ်။

အေစ်ရောဂါ တိုက်ဖျက်ရေးအတွက် အဓိကကျတဲ့ အောက်ခြေလူထုအဆင့် ပညာပေးနဲ့ကာကွယ်ရေးလုပ်ငန်း၊ ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကြုံရတဲ့ အခက်အခဲတွေ ဘာတွေများရှိသလဲဆိုတာ မဖြူဖြူသင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး အခုရက်သတင်းပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG