သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးလျှော့ဈေး ရောင်းချမှု အီဒီယံအသုံးအနူန်းများ


နိုဝင်္ဘာလ ၂၇ (ကြာသပတေး) ရက်နေ့မှာ အမေရိကန်နိုင်ငံတဝှမ်း Thanksgiving ခေါ် ကျေးဇူးတော်နေ့ကို ကျင်းပဆင်နွှဲကြပါတယ်။ ခရစ်စမတ်အကြို Thanksgiving နေ့မှာ နိုင်ငံသားတွေ လက်ဆောင်တွေ အချင်းချင်းပေးကြလုပ်ကိုင်ကြပါတယ်။ ဒီအတွက် လက်ဆောင်တွေဝယ်ရတဲ့ ဈေးဝယ်ထွက်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ လိုအပ်တဲ့ လက်ဆောင်တွေကို တဆိုင်ဝင် တဆိုင်ထွက် မမောနိုင်မပန်းနိုင် (shop till your drop) ခြေကုန်လက်ပန်းကျတဲ့အထိ ဈေးဝယ်ကြသူတွေနဲ့ စည်းကားနေပါတယ်။ ဒီကာလမှာ ဈေးဆိုင်တွေကလည်း ပစ္စည်းတွေကို ဈေးလျှော့ရောင်းကာ ကြော်ငြာတွေကို သတင်းမီဒီယာတွေကတဆင့် အပြိုင်အဆိုင် ကြော်ငြာကြပါတယ်။

Early Bird Sale - စောစောထတဲ့ ငှက် အထူးဈေးနှုန်းနဲ့ရောင်းချခြင်း လို့ တိုက်ရိုက်အဓိပါ္ပယ်ပြန်ဆိုနိုင်ပါတယ်။ The early bird always gets a worm ဆိုတဲ့ အင်္ဂလိပ်စကားပုံမှာ ဆင်းသက်လာတဲ့ အီဒီယံ အသုံးအနှုန်းဖြစ်ပါတယ်။ အဓိပါ္ပယ်ကတော့ တီကောင် ရှာစားတဲ့ ငှက်က မနက်စောစောထ ရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ တီကောင်အစာကို ရစမြဲလို့ ဆိုလိုပါတယ်။ တနည်းအားဖြင့် ဦးရာလူ လို့ သုံးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘယ်နေရာမဆို တန်းစီးပြီး စည်းကမ်းတကျ ဝယ်ယူရတာမို့ early bird sale က ဆိုင်ဖွင့်ဖွင့်ချင်း ပထမရောက်ပြီး တန်းစီးစောင့်နေတဲ့လူတွေက ဒေါ်လာတစ်ရာတန်တဲ့ ပစ္စည်းကို ဒေါ်လာ ငါးဆယ် နဲ့ လျှော့ပြီး ဆိုင်ဖွင့်စ နာရီပိုင်းမှာ ဈေးနှုန်းချိုချိုနဲ့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် early bird sale ကို ဦးရာလူဝယ်ခွင့်ရရှိခြင်း လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။

"Tomorrow, Saturday Save Save Save at the early bird sale at Men's furniture store. Everything is thirty percent off. Doors open at 6, and prices are good until 10 o'clock."
"မနက်ဖြန် စနေနေ့မှာ ဦးရာလူ လျှော့ဈေးကို မန် ပရိဘောဂဆိုင်မှာ ရောင်းမှာမို့ ဈေးနှုန်း အထူးသက်သာပါတယ်။ ပစ္စည်းအားလုံးကို သုံးဆယ် ရာခိုင်နှုန်း လျှော့ရောင်းသွားပါမယ်။ ဆိုင်တံခါးကို မနက် ခြောက်နာရီ စဖွင့်ပြီး ဆယ်နာရီအထိ ဒီလျှော့ဈေးနဲ့ ရောင်းချသွားမယ်။"

Door Buster - တံခါးကို အတင်းထိုးဖောက်ဝင်တာ လို့ လုံးကောက် အဓိပါ္ပယ် ပြန်ဆိုနိုင်ပါတယ်။ အခုလိုကာလ ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့ ရောင်းချနေချိန်မှာ ဈေးဆိုင်ဖွင့်ချိန် အစောပိုင်းနာရီပိုင်းအတွင်း ပစ္စည်းဈေးတွေကို အထူးလျှော့ထားတာကြောင့် ဝယ်သူတွေက သူထက်ငါ အလုအယက် တံခါးကို ချိုးရိုက်ပြီး ဝင်တော့မယ့် ပုံစံမျိုးကို ရည်းညွှန်းထားတာ ဖြစ်ပါတယ်။

"Hey, honey if we are going to that sale, let's go early. One of the door busters they have until 10 o'clock. Its video tape at 99 cent! I'd like to get at least a dozen."
"ကဲ အချစ်ရေ အဲဒီ လျှော့ဈေးရောင်းတာကို စောစောသွားကြရအောင်။ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း ရောင်းမယ့် လျှော့ဈေးတွေထဲမှာတော့ ဗွီဒီယို အခွေတွေ တခွေကို ၉၉ ပြားနဲ့ ဆယ်နာရီထိ ရောင်းမှာမို့ ကိုယ်တော့ အနည်းဆုံး တဒါဇင်လောက် ဝယ်ထားချင်တယ်။"

Black Friday Sale - အထူးလျှော့ဈေးနဲ့ရောင်းပေးတဲ့ အမဲရောင် သောကြာနေ့။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ (ရုံးပိတ်ရက်) နောက်တရက် သောကြာနေ့မှာ တချို့ရုံးအလုပ်တွေ ရက်ရှည်ဆက်ပိတ်သလို၊ ရုံးမပိတ်သူများကလည်း ခွင့်တွေယူပြီး အထူးလျှော့ဈေးချတဲ့ သောကြာနေ့မှာ ဈေးဝယ်သူတွေ အလုအယက် ဈေးဝယ်ကြပါတယ်။ ဆိုင်တွေကလည်း ဒီရက်ရှည်ရုံးပိတ်ရက်မှာ သူထက်ငါ အပြိုင်အဆိုင် ဈေးလျှော့ချကာ ရောင်းချကြပါတယ်။

Black Friday အသုံးအနှုန်းက စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင် အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမဲနဲ့ စာရင်းပိတ်ရပါတယ်။ ဒါကြောင့် Black Friday က အမြတ်တွေအများကြီးရတဲ့အတွက်ကြောင့် ရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမဲနဲ့ ပိတ်ရတာမှ ဆင်းသက်လာတာပါ။ တနည်းအားဖြင့် Black Friday က ကျေးဇူးတော်နေ့ နောက်တရက် ရောင်းအားကောင်းတဲ့ အမြတ်တွေ အများကြီးရတဲ့ သောကြာနေ့ ကို ခေါ်ပါတယ်။

"Bargin shopppers headed to the nation's stores and malls before sunrise this Black Friday to get specials on everything from toys to wide screen TVs."
"လျှော့ဈေးနဲ့ ပစ္စည်းတွေကို ဝယ်ကြဖို့ နိုင်ငံတဝှမ်းက ဈေးဆိုင်တွေ ကုန်တိုက်ကြီးတွေကို ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ လျှော့ဈေးရှာ ဝယ်သူတွေက နေမထွက်ခင်ကတည်းက ဆိုင်တွေကို တက်သုတ်ရိုက် ပြေးကြတော့တယ်။ ခလေးကစားစရာ အရုပ်လေးတွေက အစ မြင်ကွင်းကျယ် တီဗွီတွေ အဆုံး အထူးလျှော့ဈေးနဲ့ ဝယ်ကြပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG