သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဟန်းတွေကို ဆွမ်းကပ်သူများကို အကြမ်းဖက်သူတွေက ပြစ်ဒဏ်ပေး


မြန်မာနိုင်ငံမှာ ၂၀၀၇ စက်တင်္ဘာလမှာ ကမ္ဘာကျော်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးမှာ ဗုဒ္ဓရဟန်းသံဃာတော် ထောင်သောင်းပေါင်းများစွာ ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြခဲ့ကြပါတယ်။ ရဟန်းသံဃာများ မိုးထဲလေထဲ နေပူထဲမှာ စစ်အာဏာရှင်အစိုးရအနေနဲ့ ဖိနှိပ်မှုများကို ရပ်တန့်ပြီး တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ မေတ္တာပို့ တောင်းဆိုခဲ့ပေမယ့် စစ်အာဏာရှင်အစိုးရက ရဟန်းသံဃာတော်များ နဲ့ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြသူများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပါတယ်။ တဖက်မှာလည်း သံဃာတော်များကို ဆွမ်းကပ်လှုဒါန်း ကူညီပံ့ပိုးလုပ်ကိုင်ပေးကြတဲ့ နိုင်ငံကျော် စွယ်စုံအနုပညာရှင် ကိုဇာဂနာ အပါအဝင် လူပုဂ္ဂိုလ်များကို ဖမ်းဆီးကာ သာသနာကို စော်ကားမှုဆိုတဲ့ စွပ်စွဲချက်များနဲ့ ကြီးလေးတဲ့ နှစ်ရှည်ထောင်ဒဏ်များကို ချမှတ်အပြစ်ပေးခဲ့ပါတယ်။

လက်နက်မဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့စီတန်း လမ်းလျှောက်ကြတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ် အကြမ်းဖက်နှိမ်နှင်းခဲ့ကြတဲ့ စစ်အာဏာပိုင်တို့က ဆွမ်းရေချမ်း လှုဒါန်းကြသူများကို ပြစ်ဒဏ်ခတ်လုပ်ဆောင်ခြင်းက တရားသလား၊ မှန်ကန်သလား။ ဆန္ဒပြသံဃာများမှာ ဝိနည်းစည်းကမ်းနဲ့မညီ လုပ်ဆောင်ခြင်း၊ ဆွမ်းကပ်သူများဟာ သာသနာဖျက်ဆီးသူများ စတဲ့ စွပ်စွဲချက်များကို ရှင်းလင်းသိရှိနိုင်ဖို့ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချူပ် (အမေရိကအနောက်ပိုင်း) အဖွဲ့ဝင် ဆရာတော် အရှင်ဃောသိတ နဲ့ ဥပဒေရေးရာကျွမ်းကျင်သူ အာရှလူ့အခွင့်အရေး ကော်မရှင် (Asian Human Rights Commission) မှာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နော်ဝေနိုင်ငံရောက် ရှေ့နေ ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG