သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ အကူအညီအတွက် အမေရိကန်ကား ကုမ္မဏီကြီးတွေ ကြိုးစားဆဲ


အလုပ်လက်မဲ့ နှုန်း အစီရင်ခံစာ အသစ် ကို ထုတ်ပြန်ပြီး မကြာခင်မှာပဲ၊ အမေရိကန် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး ၃ ခု က အကြီးအကဲတွေ ဟာ အစိုးရ အထောက်အကူ ပြုမယ့် အစီအစဉ်တစ်ရပ် ပေးဖို့အတွက် အမေရိကန် လွှတ်တော်မှာ ဒီကနေ့ ထပ်မံ တောင်းဆိုပါလိမ့်မယ်။

အစိုးရ ချေးငွေ ဒေါ်လာ သန်းပေါင်း ၃၄,၀၀၀ ရဖို့အတွက် Ford, Chrysler နဲ့ General Motors ကုမ္ပဏီကြီးတွေ က အလုပ်အမှုဆောင် အရာရှိကြီးတွေ ဟာ လွှတ်တော် ဘဏ္ဍာရေး ကော်မီတီ ရှေ့မှောက်မှာ အစစ်ခံကြပါလိမ့်မယ်။ တကယ်လို့ ကားလုပ်ငန်းကြီး ပြုကျသွားခဲ့ရင်၊ အလုပ်သမား သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကြရပါလိမ့်မယ်လို့ အထက်လွှတ်တော် ဘဏ်ကော်မီတီ ရှေ့မှောက် ကြာသပတေးနေ့ က အစစ်ခံခဲ့ကြတဲ့ အတောအတွင်း၊ သူတို့ က ပြောကြားသွားခဲ့ကြပါတယ်။

ဒီအချိန်မှာပဲ၊ နိုဝင်ဘာလအတွင်း အမေရိကန် ၃၀၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်တာကို အလုပ်သမား ဝန်ကြီးဌာန အစီရင်ခံစာ က ပြသပါလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ က ပြောကြပါတယ်။ ၂၆ နှစ်အတွင်း အလုပ်လက်မဲ့ နှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ တရုတ် နိုင်ငံ ဘေကျင်းမြို့ မှာ ကျင်းပခဲ့တဲ့ တရုတ် နဲ့ အမေရိကန် ထိပ်တန်း အဆင့် ၂ ရက်ကြာ စီးပွားရေး ဆွေးနွေးပွဲကနေ့ ပြီးဆုံးသွားခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်ရေး တက်လာအောင် တရုတ် နိုင်ငံ က ဒေါ်လာ သန်းပေါင်း ၂၀,၀၀၀ သုံးဖို့ ကတိပြုလိုက်ပါတယ်။

ဖွံဖြိုးဆဲ စီးပွားရေး နိုင်ငံတွေ က အမေရိကန် နဲ့ တရုတ် ကို ကုန်တင်ပို့နေသူတွေ ကို ငွေချေးရာမှာ အဲဒီ ဒေါ်လာ သန်းပေါင်း ၂၀,၀၀၀ ကို သုံးမှာပါ။ ချေးသင့်ချေးထိုက်သူတွေ ကို ချေးဖို့ ဖြစ်ပါတယ် လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဟင်နရီ ပေါ်ဆင်န် (Henry Paulson) က ပြောပါတယ်။ သူ က အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ကို ခေါင်းဆောင် သွားရောက်ခဲ့တာပါ။ ဘေဂျင်း ရဲ့ ငွေလဲလှယ်မှု နှုန်းထား ကို ပြုပြင်ပြောင်းလဲဖို့ ဝါရှင်တန် က တောင်းဆိုတာကိုလည်း အစည်းအဝေး မစမီမှာ ပေါ်ဆင်န် က ထပ်မံ အတည်ပြု ပြောကြားပါတယ်။

တရုတ် ယွမ်ငွေ က ဖြစ်သင့်တဲ့ တန်ဖိုးထက် နည်းနေတယ်လို့ အမေရိကန် က ပြောပါတယ်။ ဒါကြောင့် တရုတ် ကုန်ပစ္စည်းတွေ က ဈေးချိုနေပြီး တရုတ် ကုန်တင်ပို့သူတွေ က သူများထက် တပန်းသာခဲ့တယ်လို့ အမေရိကန် က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG