သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယက ၀င်တိုက်မှာကို ပါကစ္စတန်ထိပ်တန်း သံတမန် စိုးရိမ်မှုရှိခဲ့


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို တိုက်ခိုက်ခံရပြီးတဲ့နောက် ပါကစ္စတန်ကို စစ်ရေးအရနဲ့ တိုက်ခိုက်ဖို့ အိန္ဒိယ က ပြင်ဆင်နေ ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရခဲ့တယ်လို့ ဗြိတိန်နိုင်ငံ ဆိုင်ရာ ထိပ်တန်း သံတမန် တဦးက ပြောလိုက်ပါတယ်။

စနေနေ့က လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲ့ သတင်းအရင်းအမြစ်တွေကို ထုတ်ဖော်ပြောဆိုဖို့တော့ မဟာမင်းကြီး ၀ါဂျစ် ချမ်ဆော် ဟဲန်ဆဲန် က ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိုးရိမ်မှုကို ပါကစ္စတန် သမ္မတ အဇစ် အလီ ဇာဒါရီ ဆီကို ချက်ချင်းသတိပေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ ရဲ့ ဘဏ္ဍာရေး မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ အရင်တပတ်က အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့လို့ တိုက်ခိုက်သူ ၉ ဦး အပါအ၀င် လူ ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ကတည်းက ပါကစ္စတန် နဲ့ အိန္ဒိယ နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ မြင့်မားနေခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေကို ပါကစ္စတန် နိုင်ငံမှာ အခြေစိုက်တဲ့ လက်ရှ်ကာ-အီ-တိုင်ဘာ ဆိုတဲ့ စစ်သွေးကြွ အဖွဲ့က လုပ်ဆောင်တယ်လို့ အိန္ဒိယ အစိုးရက အပြစ်တင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လူအမြောက်အများ သေစေခဲ့တဲ့ ဒီ တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ သေနတ်သမားတွေကို ကူညီတယ် ဆိုပြီး စွပ်စွဲခံရတဲ့ သေနတ်သမား ၂ ဦးကိုလည်း အိန္ဒိယ ရဲတွေက ဖမ်းဆီးထားကြပါတယ်။ သူတို့ ၂ ဦးကို ပူးပေါင်းကြံစည်မှု၊ လိမ်ညာမှုတွေနဲ့ ကာလကတ္တား မြို့မှာ သောကြာနေ့က ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG