သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် လူ့အခွင့်အရေးဆောင်ရွက်သူ ဘလောဂါများနဲ့ သမ္မတဘွတ်ရ်ှ တွေ့ဆုံ


ဒီနေ့ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် သမ္မတ ဘွတ်ရှ်ဟာ အိမ်ဖြူတော်မှာ ဆူဒန်မှာ ပြဿနာ တက်နေတဲ့ ဒါဖော ဒေသက လှုပ်ရှား တက်ကြွသူ၊ မြန်မာ၊ တရုတ်၊ အီဂျစ် စတဲ့ နိုင်ငံများက ဘလောက်ဂါများနဲ့ တွေ့ဆုံ ပါလိမ့်မယ်။ ဒါဖော ဒေသမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို စာရေး ဆရာ ဆရာဝန် ဟာလီမတ် ဘရှေး ရဲ့ မျက်မြင် ကိုယ်တွေ့ တင်ပြချက်ကို သမ္မတ ဘွတ်ရှ်က သူ့ရဲ့ ရုံးခန်းမှာ ဦးစွာ နားထောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဟာလီမတ် ဘရှေး Tear of the desert သဲဂန္တာရထဲက မျက်ရည်များဆိုတဲ့ စာအုပ်နဲ့ ဒါဖော ဒေသက ရက်စက် ကြမ်းကြုတ် ပုံများ ကမ္ဘာက သိအောင်လို့ ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာ အရပ်ရပ်က ဘလောက်ဂါများနဲ့ ရုပ်မြင်သံကြား အစည်းအဝေး လုပ်ခဲ့ပြီးနောက် အိမ်ဖြူတော်မှာ ကိုယ်တိုင် တွေ့ဆုံကြမယ့် မြန်မာ၊ အီရန်၊ တရုတ်၊ ကျူးဘား၊ ဘလိုရက် နိုင်ငံတွေထဲက ဘလောက်ဂါတွေထဲမှာ ဆန်ဖရန်စ္စကို မြို့အခြေစိုက် မိုးမခ သတင်းဌာနမှာ မြန်မာ ဘလောက်ဂါ မောင်ရစ်လည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG