သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ဟောင်း အလီအလာတတ်စ် ကွယ်လွန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
အဖြစ် တာဝန်ယူခဲ့ဘူးတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး
ဝန်ကြီးဟောင်း အလီ အလာတတ်စ် (Ali Alatas)
ဟာ ဒီနေ့ စင်ကာပူမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလီအလာ
တတ်စ်ဟာ စင်ကာပူမှာ တနှစ်ကျော် ဆေးကုသ
ခံနေရင်း နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာလို့
သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အလီအလာတတ်စ်ဟာ ၁၉၈၈ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ်
တွေက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖြစ်
တာဝန်ယူခဲ့တဲ့သူ ဖြစ်ပါတယ်။

သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ
တွေ ပေါ်ပေါက်လာအောင် ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဟောင်း ကိုဖီ အန်နန် (Kofi Annan) က တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးအဖြစ်နဲ့ရော အင်ဒိုနီးရှားသမ္မတ
ဆူစီလို ဘန်ဘန်း ယူဒိုဟို ယိုနို (Susilo Bambang Yudhoyono) ရဲ့ အကြံပေးအဖြစ်ပါ
တာဝန်ယူထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒီနေ့ ကွယ်လွန်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း အလီအလာတတ်စ်ရဲ့ ရုပ်အလောင်းကို
စင်ကာပူကနေ ဂျကာတာကို ပြန်လည်သယ်ဆောင်မှာ ဖြစ်ပါတယ်။ သူ့အတွက်
နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပမှာဖြစ်ပြီး အင်ဒိုနီးရှားရဲ့ သူရဲကောင်းဗိမာန်မှာ
ဂူသွင်းမြှုပ်နှံမယ်လို့ အင်ဒိုနီးရှား အစိုးရအရာရှိတွေက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG