သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အရေးဆောင်ရွက်သူ မြန်မာအမျိုးသမီးတွေအတွက် သမ္မတကတော် လော်ရာဘုရှ်ရဲ့ ပံ့ပိုးမှုတစိတ်တပိုင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Freedom From Fear ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးဆိုတဲ့ စာအုပ်ကို ဖတ်ရှုပြီး စာရေးသူအပေါ် လေးစားခဲ့တဲ့ အမေရိကန်သမ္မတကတော် Laura Bush ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေးတိုးတက်ရေးနဲ့ လူသားချင်းစာနာမှု အထောက်အကူပေးနိုင်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့တာ သောတရှင်တွေ အသိပါ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးရရှိဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြရတဲ့ မြန်မာအမျိုးသမီးတွေအကြောင်း ကမ္ဘာက သိစေဖို့လို့ သူက အခွင့်အခါကြုံတိုင်း တင်ပြလေ့ရှိခဲ့တာ - ဒီသီတင်းပတ်မှာတော့ မစ္စစ် ဘုရှ် က မြန်မာအမျိုးသမီးတွေအကြောင်းကို လူ့အခွင့်အရေးနေ့မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အခုတပတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG