သုံးရလွယ်ကူစေသည့် Link များ

သမ္မတသက်တမ်း နောက်ဆုံးအကြိမ် မစ္စတာဘုရှ် အီရတ်ရောက်ရှိ


သမ္မတဘုရှ် ရှေ့လ ရာထူးကမဆင်းခင် အီရတ်
နိုင်ငံကိုသွားရောက်ပြီး အမေရိကန်တပ်ဖွဲ့များ၊
အီရတ်သမ္မတ ဂျလာ တာလာဘာနီ (Jalal
Talabani) တို့နဲ့ တွေ့ဆုံနှုတ်ဆက်ပါတယ်။

လုံခြုံရေးထူထူထပ်ထပ်နဲ့ အမေရိကန်သမ္မတ
ဒီနေ့ ဘဂ္ဂဒက်မြို့ကို ရောက်ရှိသွားတာပါ။

၂၀၀၃ ခုနှစ် အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့
များ အီရတ်နိုင်ငံကို စေလွှတ်ပြီးကတည်းက
သမ္မတဘုရှ် စတုတ္ထအကြိမ် သွားရောက်တာ
ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့များကို ကျေးဇူးစကားပြောဆိုပြီး အမေရိကန်-အီရတ် လုံခြုံရေး
စာချုပ်သစ်ကို ဂုဏ်ပြုတာဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ဆိုပါတယ်။

အီရတ်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်
(Robert Gates) ကလည်း အမေရိကန်တပ်ဖွဲ့များအား သူတို့ရဲ့ လုပ်ငန်းဆောင်တာ
ပြီးဆုံးခန်းကို ရောက်ရှိနေပြီ၊ အမေရိကန်-အီရတ် လုံခြုံရေးသဘောတူညီချက် အသစ်
အရ အမေရိကန်တပ်ဖွဲ့တွေ အီရတ်မြို့ကြီးများကနေ ဇွန်လကုန်မှာ ရုပ်သိမ်းတော့မယ်
လို့ ခန့်မှန်းပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG