သုံးရလွယ်ကူစေသည့် Link များ

အဘီဆစ် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ် ရွေးကောက် တင်မြောက်ခံရ


ဒီဇင်ဘာလ ၁၅ ရက်နေ့မနက်ပိုင်းက ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ထိုင်းလွှတ်တော်မှာ အထူး အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး လွှတ်တော်အမတ်တွေက ရွေးချယ်ခဲ့ကြတဲ့အခါ အသက် ၄၄ နှစ်အရွယ် ရှိတဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ (Democratic Party) က မစ္စတာ အဘီဆစ် ၀ပ်ချာဂျီဝပ် (Abhisit Vejjajiva) က မဲအရေအတွက် စုစုပေါင်း၂၃၅ မဲ နဲ့ အနိုင် ရခဲ့ပါတယ်။ သူရဲ့ ပြိုင်ဘက် ပရာချာပရွန်နော့ (Pracha Promnok) ကတော့ ၁၉၈ မဲ ရရှိပြီး ၃၇ မဲအကွာနဲ့ ရှုံးနှိမ့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG