သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အီးယူနဲ့ဂျပန် ပုံမှန်ဆွေးနွေးဖို့ သဘောတူ


မြန်မာနိုင်ငံအရေး တိုးတက်မှုတွေရှိလာအောင်
အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံ
အကြား ပုံမှန်ဆွေးနွေးတိုင်ပင်သွားမယ်ဆိုပြီး
မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံတွေရဲ့ အထူး
ကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero
Fassino) က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံခရီးစဉ်ကအပြန် အခုလို ကြေညာ
ချက် ထုတ်ပြန်တာပါ။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာဖက်ဆီနိုဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ
တနင်္လာနေ့က ဂျပန် ဒုတိယနိုင်ငံခြားရေး
ဝန်ကြီး နိုဘန်ဟိဒေး မိုင်နိုရီကာဝါ (Nobuhide Minorikawa) နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး ကြေညာ
ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား
လူမျိုးစုတွေအကြား စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့
အရေးကြီးနေပြီဆိုတာကို မစ္စတာဖက်ဆီနိုက ဂျပန်နိုင်ငံနဲ့ သဘောတူ ဆွေးနွေးခဲ့
တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ရှေ့လာမယ့်နှစ်နှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ အဖွဲ့ဝင်
နိုင်ငံ ဖြစ်ပါတယ်။ ဒီလို လုံခြုံရေးကောင်စီမှာ အမြဲတမ်းမဟုတ်တဲ့ အလှည့်ကျအဖွဲ့ဝင်
အဖြစ် ပါဝင်ခွင့်ရတဲ့အချိန် အာရှရဲ့ အဓိကနိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ အီးယူအကြား မြန်မာ
နိုင်ငံအရေး လက်တွဲဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာကို မစ္စတာ ပီယာရို ဖက်ဆီနို
က အလေးအနက် ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ဒီလိုအရေးကြီးတဲ့အတွက် အီးယူနဲ့ ဂျပန်နိုင်ငံအကြားမှာ မြန်မာနိုင်ငံ့အရေး ပုံမှန်
ဆွေးနွေးတာတွေ လုပ်မယ်လို့ ပြောတာဖြစ်ပါတယ်။

အန်စီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ဥရောပရေးရာရုံး ညွှန်ကြား
ရေးမှူး ဦးနွယ်အောင်ကတော့ မစ္စတာဖက်ဆီနိုရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို
ကြိုဆိုပါတယ်။ ဂျပန်အပြင် တခြားအရေးကြီးတဲ့ အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံပြီး
မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ သူတို့အနေနဲ့ အကြံပေးထားတယ်
လို့ ပြောပါတယ်။

"မစ္စတာဖက်ဆီနိုက ဒီလို ဂျပန်နိုင်ငံနဲ့ သွားပြီးဆွေးနွေးတာကို အပြုသဘောမျိုး
ဆွေးနွေးတယ်၊ အကောင်းဘက်ကနေ ကျနော်တို့ မြင်ပါတယ်။ ဂျပန်အစိုးရဟာလည်း
သူတို့ လုံခြုံရေးကောင်စီ ရောက်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် လုပ်လိမ့်မယ်လို့
ကျနော်တို့ မျှော်လင့်တယ်။ မစ္စတာဖက်ဆီနိုကိုလည်း ကျနော်တို့ တွေ့တိုင်းတွေ့တိုင်း
အမြဲ Request လုပ်ပါတယ်။ အာရှကိုလာတဲ့အခါ ဂျပန်၊ အိန္ဒိယ၊ တရုတ်တို့နဲ့ ကျနော်တို့
မြန်မာနိုင်ငံအတွက် Positive Result ထွက်အောင် ဆောင်ရွက်ပေးဖို့ကို ပြောတဲ့အခါမှာ
နောက်ဆုံး ဘရပ်ဆဲလ်မှာ တွေ့တုန်းကလည်း သူ့ကိုပြောခဲ့တဲ့အခါ သူက လက်ခံပါ
တယ်။

"အီးယူရဲ့ကိုယ်စားလှယ်လည်းဖြစ်၊ မစ္စတာဖက်ဆီနိုဟာ မြန်မာနိုင်ငံရဲ့ အရေးကိုလည်း
အရင်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ရဲ့တိုက်တွန်းချက်တွေ၊ သူ့ရဲ့
တောင်းဆိုချက်တွေကို ဂျပန်နိုင်ငံတို့၊ အာဆီယံနိုင်ငံတွေက နားထောင်ပြီး ဆောင်ရွက်
စရာရှိတာတွေကို ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မစ္စတာ
ဖက်ဆီနိုက ဒီ့အပြင် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတောင်မှ မြန်မာ
ပြည်ကိုသွားဖို့ လိုတယ်လို့ ထည့်ပြောတဲ့အတွက် သူ့ရဲ့ Statement ကို ကျနော်တို့ ကြိုဆို
ပါတယ်။"

ဂျပန်နိုင်ငံကအပြန် သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ
ဥရောပနိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနိုက ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံကိုသွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ တွေ့ဆုံ
ဆွေးနွေးရေး ပေါ်ပေါက်လာဖို့အတွက် အထောက်အကူဖြစ်နိုင်တယ်ဆိုပြီး မစ္စတာ
ပီယာရို ဖက်ဆီနိုက ပြောဆိုပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံကို သွားမယ်ဆိုရင် ခရီးစဉ်တွေအတွင်း
အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေရှိမှသာ သွားရောက်မယ်၊ ဒီလို တိုးတက်မှုတွေရှိနိုင်မယ့်
အချိန်အခါကို စောင့်နေတယ်လို့ ပြောပါတယ်။

မစ္စတာ ပီယာရို ဖက်ဆီနိုကတော့ အတွင်းရေးမှူးချုပ်ရဲ့ ပုဂ္ဂိုလ်ရေးအရ အစပျိုး
ဆောင်ရွက်မှုတွေဟာ မြန်မာ့အရေးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း၊
အတွင်းရေးမှူးချုပ်အနေနဲ့ စနစ်တကျ ပြင်ဆင်မှုတွေလုပ်ပြီး မြန်မာနိုင်ငံကို သွားသင့်
တဲ့အကြောင်း အကြံပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG