သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံဈေးနှုန်း ဆက်မကျရေး OPEC အဖွဲ့  ထုတ်လုပ်မှု လျော့ချ


ရေနံဈေးနှုန်းများ ကျဆင်းနေတာ ထေမိစေရေး ကြိုးပမ်းချက် တရပ်အနေနဲ့ OPEC ခေါ် ရေနံတင်ပို့ရောင်းချ နိုင်ငံများ အဖွဲ့ဝင်တို့က ရေနံထုတ်လုပ်မှု လျော့ချဖို့ ရှိပါတယ်။ OPECတာဝန်ခံများ ဒီနေ့ အယ်ဂျီးရီးယားနိုင်ငံမှာ စည်းဝေးကြပြီး ရေနံထုတ်လုပ်မှု တနှစ်ကို အနည်းဆုံး ပီပါ ၂ သန်းလျော့ချမယ့် အကြောင်း ကြေညာလိမ့်မယ်လို့ ခန့်မှန်းနေပါတယ်။ မနေ့က ရေနံစိမ်း တပီပါကို ၄၄ ဒေါ်လာအောက် ကျဆင်းသွားပြီးမှ နဲနဲလေး ပြန်တပ်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံတခု ဖြစ်တဲ့ အမေရိကန် နိုင်ငံမှာ စီးပွားရေး ကျဆင်းမှုပိုမို နက်ရှိုင်းမသွားရေး စွဲတင်တဲ့ အနေနဲ့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ၁ရာခိုင်နှုန်းရဲ့ ၄ ပုံ ၃ ပုံကို ဖြတ်တောက်လိုက်တဲ့အတွက် ဗုဒ္ဓဟူးနေ့က အာရှ စတော့ ဈေးများ တက်သွားပါတယ်။ စီးပွားရေးမှာ အဓိက ကျတဲ့ လူအများ ဝယ်ယူ သုံးစွဲမှု၊ စီးပွားရေး လုပ်ငန်းများမှာ ငွေ ရင်းနှီးမြုပ်နှံနဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုတို့ အားလုံး ကျနေလို့ အနာဂတ် စီးပွားရေး အလားအလာ မကောင်းဘူးလို့ အမေရိကန် ဗဟိုဘဏ်က တာဝန်ခံများက ပြောကြားကြပါတယ်။

ငွေ ချေးသူတွေ အတိုးနဲနဲ နဲ့ ချေးနိုင်ကြဖို့၊ ကုမ္ပဏီတွေ ငွေလွယ်လွယ် ချေးနိုင် လုပ်ငန်းတိုးချဲ့ပြီး လူသစ်တွေ ခန့်ထားနိုင်ရေး ရည်ရွယ်ပြီးအတိုးနှုန်း ဖြတ်တောက်လိုက်ရတာလို့ ဗဟိုဘဏ်တာဝန်ခံများက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG