သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ကာလဝမ်းရောဂါကပ်ဘေး


ဒီဇင်ဘာ ၁၀၊ ၂၀၀၈။ အာဖရိကတိုက် တောင်ပိုင်း ဇင်ဘာဘွေနိုင်ငံမတွင်း ကာလဝမ်းရောဂါ ကျရောက်လို့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းကဆိုရင် ဒီဇင်ဘာ ၁၀ရက်အထိ လူပေါင်း ၆၀၀ သေဆုံးပြီး၊ လူပေါင်း အနည်းဆုံး ၁၃ ၀၀၀ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့ပဲ ဇင်ဘာဘွေ ကျန်းမာရေးဌာနက ကာလဝမ်းရောဂါကြောင့် အသေအပျောက်စာရင်း ထုတ်ပြန်ပြီး အခုဆိုရင် ဇင်ဘာဘွေနေရာအတော်များများကိုပါ ကူးစက်လာပြီလို့ ဆိုထားပါတယ်။

ဇင်ဘာဘွေနိုင်ငံမှာ ၁၉၉၀ခုနှစ် အစောပိုင်းကာလတွေကတည်းက မကြာခဏဆိုသလို ကာလဝမ်းရောဂါ ကပ်ဘေးကျရောက်တတ်ပါတယ်။ ဒါပေမယ့်လည်း ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေကလွဲပြီး ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကာလဝမ်းရောဂါဆိုတာ မသန့်ရှင်းတဲ့ရေ မသန့်ရှင်းတဲ့ အစားအစာနဲ့ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကနေ ကူးစက်မှုတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လေ့ရှိပါတယ်။ ရောဂါ လက္ခဏာတွေအရ မကြာခဏ ဝမ်းသွား အော့အန် ခြေလက်တုန့်ဆိုင်းပြီး၊ ဒီနောက်တော့ ခန္ဓာကိုယ်ထဲ ရေဓါတ်အားနည်းလာပါတယ်။ အချိန်မီ ကုသနိုင်ခြင်းမရှိရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးရတတ်ပါတယ်။

ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာတော့ ဇင်ဘာဘွေက ကာလဝမ်းရောဂါ ကပ်ဘေး အခြေအနေနဲ့ဆက်နွယ်ပြီး တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG