သုံးရလွယ်ကူစေသည့် Link များ

၂၀၀၈-၂၀၀၉ မြန်မာ့အရေး သုံးသပ်ချက်


မကြာခင် ရက်ပိုင်းအတွင်း ၂၀၀၈ နှစ်ကာလ ကုန်ဆုံးလို့ နှစ်သစ် ၂၀၀၉ ကို ရောက်ပါပြီ။ ၂၀၀၉ မှာ မြန်မာနိုင်ငံရေး အခြေအနေ ဘယ်လိုပြောင်းလဲမှုတွေရှိမလဲ၊ ဘာတွေဆက်လျှက်ဖြစ်မလဲ ဆိုတဲ့ မေးခွန်းတွေ နဲ့ ခရီးမဆက်ခင် ကုန်လွန်ခဲ့တဲ့ ၂၀၀၈ အချိန်ကာလအတွင်း ဘာတွေဖြစ်ခဲ့သလဲ? အားတက်စရာ ကောင်းသတင်း အပြောင်းအလဲတွေရှိခဲ့သလား? စိတ်ပျက်စရာ ဆိုးသတင်းတွေဘဲ ရှိခဲ့သလား စတဲ့ ၂၀၀၈ ကာလ မြန်မာနိုင်ငံရေး အခြေအနေ နဲ့ တဖက်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၉ နှစ်ကာလအတွင်း မြန်မာနိုင်ငံရေး အတိုက်အခံအင်အားစုတွေ ဘယ်လို့လုပ်ဆောင်သွားမလဲ။ စစ်အစိုးရပ်တည် လုပ်ဆောင်မှုတွေ၊ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာ နဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ရဲ့  အခန်းကဏ္ဍတို့ကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ဦးဝင်းမင်း နဲ့ အိန္ဒိယနိုင်ငံအခြေစိုက် မဇ္ဈိမသတင်း အယ်ဒီတာ ဦးစိုးမြင့် တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG