သုံးရလွယ်ကူစေသည့် Link များ

မြန်မာအစိုးရ တရားစီရင်ရေးစနစ်ကို ဖိနှိပ်ဖို့အသုံးချ


မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းဖို့နဲ့ တရားဥပဒေအရ ခံစားခွင့်တွေ မရအောင်လို့ မြန်မာ စစ်အစိုးရဟာ တရားရေးစနစ်ကို အသုံးချပြီး လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုက ဝေဖန် ပြောဆိုလိုက်ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ဘယ်လို ချုပ်နှောင် အကျဉ်းချတယ်၊ သူတို့ရဲ့အကျိုးဆောင်ရှေ့နေတွေကို ဘယ်လို နှိပ်ကွပ်တယ်ဆိုတာတွေကို မကြာသေးခင်ကမှ နိုင်ငံကနေထွက်ပြေးလာတဲ့ မြန်မာရှေ့နေတဦးရဲ့ ထွက်ဆိုချက်တွေအရ သိရှိကြ ရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောလိုက်တာပါ။

သီတင်းပတ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရပြီးတဲ့နောက် အသက် ၂၈ နှစ်အရွယ် ရှေ့နေကိုစောကျော်ကျော်မင်း လွန်ခဲ့တဲ့ရက် အတော်ကြာက ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိလာခဲ့တယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။ သူ့ရဲ့ အမှုသည်တွေက ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ တရားသူကြီးကို ကျောခိုင်းနေခဲ့ကြတာကို သူက ၀င်တားဖို့ ပျက်ကွက်တယ် ဆိုပြီး ထောင်ဒဏ်ကျခံဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ ကိုစောကျော်ကျော်မင်းက လူ့အခွင့်အရေးအဖွဲ့ကို ပြောပြခဲ့ပါတယ်။ တရားရုံးကို မထေမဲ့မြင်လုပ်မှုနဲ့ ရှေ့နေကိုရော အမှုသည်တွေကိုပါ တရားသူကြီးက ထောင်ဒဏ်စီရင်ခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG